ဆံသားကြမ်းတမ်းနေလို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ကြမ်းတမ်းနေတဲ့ဆံသားကို နူးညံ့ပျော့ပျောင်းလာအောင် လုပ်ပေးမယ့် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူပြီး ငွေကုန်ကြေးကျ သက်သာစေမယ့် နည်းလမ်းတွေဖြစ်လို့ လူတိုင်းလုပ်ဖို့ အဆင်ပြေမှာပါ။

Aloe vera နဲ့ ရေ

 

Aloe vera က ဆံသားကို ရေဓာတ်ဖြည့်ပေးပြီး ဦးရေပြားနဲ့ဆံသားကို အေးမြစေပါတယ်။ ဆံပင်ကျွတ်ခြင်းကိုလည်း လျှော့ချပေးပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ aloe vera အရွက်ကို အရည်ရအောင်ညှစ်ချပါ။ အဝါရောင်တွေ မပါပါစေနဲ့။ ပြီးရင် ရေနဲ့ရောပြီး spray ဘူးထဲထည့်ကာ shake လုပ်ပေးပါ။ ပြီးရင်တော့ ဆံသားကိုဖြန်းပေးနိုင်ပါပြီ။ တစ်ပတ်မှာ ၃ ကြိမ်၊ ၄ ကြိမ်လောက် လုပ်ပေးရင် ဆံသားနူးညံ့ပျော့ပျောင်းလာစေပါတယ်။

Apple cider vinegar နဲ့ ရေအေး

Apple cider vinegar က ဦးရေပြားရဲ့ pH level ကို ထိန်းညှိပေးပြီး ဆံသားကို ချောမွေ့တောက်ပြောင်စေပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ Apple cider vinegar ကို စားပွဲတင်ဇွန်းတစ်ဝက်ယူပြီး ရေအေးတစ်ခွက်နဲ့ ရောမွှေပါ။ ပြီးရင် ခေါင်းလျှော်ပြီး conditioner သုံးပြီးရင် နောက်ဆုံးမှာ အဲ့ရောမွှေထားတာကို ခေါင်းလောင်းချပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေနဲ့ပြန်ဆေးချလိုက်ရုံပါပဲ။

ငှက်ပျောသီးနဲ့ Lavender essential oil

ငှက်ပျောသီးမှာ natural oils, carbohydrates နဲ့ အခြား vitamin တွေ ပါဝင်လို့ ဆံသား တောက်ပြောင်စေပြီး ပျော့ပျောင်းစေပါတယ်။ ဆံသားကို အစိုဓာတ်ထိန်းပေးတဲ့အပြင် ဗောက်တွေကိုလည်း ကင်းစင်စေပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ ငှက်ပျောသီးအမှည့်တစ်လုံးကိုချေပြီး lavender essential oil ကို ၂ စက်လောက်ထည့်ကာ ရောမွှေပါ။ ပြီးရင် ဆံသားနဲ့ဦးရေပြားကို လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လို့ရပါပြီ။

ပျားရည်နဲ့သံလွင်ဆီ

ပျားရည်က ဆံသားကို ရေဓာတ်လုံလောက်စွာဖြည့်ပေးပြီး ဆံသားအတွင်းသား အစိုဓာတ်ကို ထိန်းညှိပေးကာ ဆံသား ချောမွေ့တောက်ပြောင်စေပါတယ်။ ဆံသားလည်း နူးညံ့ပျော့ပျောင်းစေပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်းကို သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး ဆံသားကိုလိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးရင် ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန်လုပ်ပေးရင် သိသာတဲ့ရလဒ်ကို ရရှိမှာပါ။