MyStyle Myanmar ကနေပြီး ဒီတစ်ခေါက် အလှအပကဏ္ဍမှာ ဖော်ပြပေးသွားမှာကတော့ မွေးကတည်းက သူများတွေလို မျက်တောင်မရှည်လို့ စိတ်ညစ်နေကြသူတို့အတွက် ပိုက်ဆံအများကြီးမကုန်ဘဲ သဘာဝအတိုင်း မျက်တောင်လေးတွေ ရှည်လျားလာစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

၁။ ဖြီးပေးပါ

ဆံပင်တွေလိုပဲ မျက်တောင်မွှေးလေးတွေကိုဖီးပေးခြင်းကလည်း သွေးလည်ပတ်မှုကောင်းမွန်စေပြီး ရှည်လျားနှုန်းကိုတွန်းအားဖြစ်စေပါတယ်။ သုံးလို့ကုန်သွားတဲ့ Mascara ဘူးထဲက Brush ကို သေချာပြောင်စင်အောင်ဆေးပစ်ပြီး ဗီတာမင်အီးလေး အစက်အနည်းငယ်ချကာ တစ်နေ့ ၂ ကြိမ်လောက်နဲ့ ငါးမိနစ်တစ်ခါ မျက်တောင်လေးတွေကို ဖြီးပေးပါ။

၂။ အဆီသုံးပါ။

ကြက်ဆူဆီ၊ အုန်းဆီ၊ သံလွင်ဆီတို့လို Fatty Acids ပါဝင်တဲ့ သဘာဝအဆီတွေက မွှေးညှင်းပေါက်လေးတွေကို အာဟာရဖြည့်တင်းပေးပြီး မျက်တောင်တွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ကြိုက်နှစ်သက်ရာအဆီတစ်မျိုးကိုရွေးချယ်ပြီး သေချာသန့်စင်ထားတဲ့ Brush သို့မဟုတ် လက်ချောင်းပေါ်တစ်စက်လောက်ချကာ ညအိပ်ရာမဝင်ခင် မျက်တောင်လေးတွေမှာလိမ်းပေးပါ။

၃။ လက်ဖက်စိမ်း

Antioxidants တွေနဲ့ ဗီတာမင်တွေပါဝင်လို့ လက်ဖက်စိမ်းကို မိတ်ကပ်ပစ္စည်းတွေထုတ်လုပ်တဲ့အခါ ထည့်သွင်းလေ့ရှိကြသလို ဆံပင်ကျွတ်တဲ့ပြဿနာတွေအတွက်လည်း အသုံးပြုတတ်ကြပါတယ်။ Green Tea ခပ်ပြင်းပြင်းတစ်ခွက်ဖျော်ကာ အအေးခံပြီးနောက် ဂွမ်းစနှစ်ကာ တစ်နေ့နှစ်ကြိမ် မျက်တောင်လေးတွေမှာ လိုက်တို့ပေးပါ။

၄။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အရည်နဲ့ အသားတို့ဟာ ဆံသားသန်မာဖို့အတွက်နဲ့ လိုအပ်တဲ့အာဟာရအဖြစ် အသုံးပြုဖို့ အထူးကောင်းပါတယ်။ လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပတ်အရွက်တစ်ခုကိုယူပြီး အရည်တစ်စက်နှစ်စက်လောက်ညှစ်ချကာ မျက်တောင်မှာလိမ်းပြီး တစ်ညထားအိပ်ပါ။ မနက်ရောက်လို့ မျက်နှာသစ်ပေးနိုင်ပါတယ်။ ပိုကောင်းတဲ့ရလဒ်ကို ရရှိချင်တယ်ဆိုရင်တော့ ရှားစောင်းလက်ပတ်အရည်ကို သံလွင်ဆီနဲ့ရောပြီး သုံးပေးနိုင်ပါတယ်။

၅။ နှိပ်နယ်ခြင်း

လက်အရင်ဆေးပါ။ ခြောက်အောင်သုတ်ပြီးရင် သံလွင်ဆီ သို့မဟုတ် အုန်းဆီတို့ကို လက်ချောင်းလေးတွေပေါ် နည်းနည်းလောက်အစက်ချပေးပြီး မျက်ခွံနဲ့ မျက်တောင်တို့ကို ငါးမိနစ်လောက် နှိပ်ပေးပါ။ တစ်ပတ်အတွင်း အကြိမ်ရေများများ ခဏခဏလုပ်ဆောင်နိုင်ပါတယ်။

၆။ သန့်စင်ခြင်း

ညအိပ်ရာမဝင်ခင် မျက်တောင်တွေမှာ Mascara ကျန်ရှိနေခြင်းက ဆံပင်မှာစပရေးတွေဖြန်းပြီး ခေါင်းမလျှော်ဘဲ ညအိပ်လိုက်သလို ဆိုးရွားလှပါတယ်။ ဒါကြောင့် မိတ်ကပ်သေချာဖျက်ပြီးမှ ညအိပ်ရာဝင်ပါ။

Source: BrightSide

By MyStyle Myanmar