နဖူးပြောင်တဲ့သူတွေအတွက် နဖူးနားကဆံပင်တွေ သန်လာစေမယ့်၊ ပေါက်လာစေမယ့် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ နဖူးပြောင်လို့ စိတ်ညစ်နေမယ့်အစား ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်နော်။
ရှားစောင်းလက်ပတ်ဂျယ်လ်
ရှားစောင်းလက်ပတ်ဂျယ်လ် – စားပွဲတင်ဇွန်း ၂ ဇွန်းကို ချေပြီးတော့ ဦးရေပြားကိုပွတ်ပေးရမှာပါ။ နဖူးထိပ်နားလေးတွေကို များများပွတ်ပေးပါ။ ပြီးရင် ၂ နာရီထားပါ။ အချိန်ပြည့်မှ Mild ဖြစ်တဲ့ Shampoo နဲ့ ခေါင်းလျှော်ပေးပါ။
တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် နဖူးနားကဆံပင်တွေ ပိုသန်လာမှာဖြစ်ပါတယ်။ ဗောက်ရှိနေရင်လည်း သက်သာသွားစေပါတယ်။
Ginseng
Ginseng-infused Oil ကို စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းစာလောက်ယူပြီး ဦးရေပြားကိုလိမ်းကာ လက်ချောင်းလေးတွေနဲ့ ၁၀ မိနစ်လောက် Massage လုပ် နှိပ်နယ်ပေးပါ။ နဖူးထိပ်နားပတ်ပတ်လည်ကို ပိုပြီးလုပ်ပေးပါ။ ပိုလိမ်းပေးပါ။ Massage လုပ်ပြီးရင် မိနစ် ၃၀ ထားပါ။ အချိန်ပြည့်မှ Mild ဖြစ်တဲ့ Shampoo နဲ့ ခေါင်းလျှော်ပါ။
ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ ဦးရေပြားသွေးလည်ပတ်မှု ကောင်းမွန်လာပြီး ဆံပင်ကျွတ်တာ သက်သာလာမယ်၊ ဆံသားကျန်းမာပြီး ဆံပင်သန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နဖူးအရမ်းပြောင်ရင် ဒီနည်းလမ်းကို Try ကြည့်နော်။
ကြက်ဥ၊ နွားနို့
ကြက်ဥ – ၁ လုံးကို ပန်းကန်ထဲဖောက်ထည့်ပြီး နွားနို့ – ၁ ခွက် ထည့်ကာ မွှေပေးပါ။ ပြီးရင် သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းပါထည့်ပြီး ထပ်မွှေပေးပါ။ ပြီးရင်တော့ ဦးရေပြားနဲ့ ဆံသားကို ပွတ်လိမ်းပေးပါ။ အဓိကလိမ်းရမှာက နဖူးထိပ်နားက ဦးရေပြားနေရာနဲ့ ဆံပင်တွေပဲ ဖြစ်ပါတယ်။ အဲ့နေရာကိုများများလိမ်းပြီး ပိုရင် တခြားဦးရေပြားနေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် မိနစ် ၂၀ ထားပါ။ အချိန်ပြည့်မှ ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပေးပါ။
ဒီနည်းလမ်းကို တစ်ပတ်မှာ ၁ ကြိမ်၊ ၂ ကြိမ်သာ ပုံမှန်လုပ်ပေးပါ။ ဆံသားကျန်းမာပြီး သန်စွမ်းလာစေတယ်၊ ဆံပင်အုံထူလာစေတယ်၊ ဆံသားတောက်ပြောင်လာစေပါတယ်။