မိန်းကလေးအများစုမှာ ဓမ္မတာလာချိန်ကိုက်ခဲတတ်ကြပေမယ့် တချို့မိန်းကလေးတွေမှာတော့ ကိုက်ခဲမှုကို ဆိုးဆိုးဝါးဝါးခံစားကြရပါတယ်။ ဒီလို နာကျင်မှုကို ပြင်းပြင်းထန်ထန်းခံစားရတဲ့ မိန်းကလေးတွေအတွက် ရာသီလာစဉ်နာကျင်မှုကို သဘာဝအတိုင်း ပျောက်ကင်းစေမယ့် ထိရောက်တဲ့ အိမ်တွင်းကုထုံးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရေနွေးအိတ်သုံးပါ

ဗိုက် သို့မဟုတ် ကျောကို ရေနွေးအိတ်ကပ်ပေးတာက ရာသီလာစဉ် နာကျင်မှုကို သက်သာစေပါတယ်။ ဒါ့အပြင် ရေနွေးနဲ့ရေချိုးတာကလည်း ကိုက်ခဲမှုကို သက်သာစေတာကြောင့် ရေချိုးတဲ့အခါ ရေအေးအစား ရေနွေးနွေးနဲ့ချိုးပေးပါ။

ရေများများသောက်ပေးပါ

ရာသီလာချိန်မှာ ခန္ဓာကိုယ်ကအရည်တွေ အများကြီး ဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ လူကပင်ပန်းနွမ်းနယ်ပြီး ကြွက်သားတွေနာကျင်လာပါတယ်။ ဒါကို ဖြေရှင်းဖို့က ရေသောက်ဖို့ပါ။ ရေများများသောက်တာက ဒီပြဿနာတွေအားလုံးကို ဖြေရှင်းပေးပါလိမ့်မယ်။

အပ်စိုက်ကုထုံးခံယူပါ

အပ်စိုက်တာက အတွင်းအင်္ဂါတွေအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဆီ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးတာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲပြဿနာများမဖြစ်စေဖို့ပ ကျွမ်းကျင်ပညာရှင်ဆီမှာ အပ်စိုက်ကုထုံးကို ခံယူဖို့ အရေးကြီးပါတယ်။

ဂျင်းနဲ့သံပုရာလက်ဖက်ရည်သောက်ပါ

ရာသီလာတဲ့အခါ ဝမ်းဗိုက်နာတာပဲဖြစ်ဖြစ်၊ ဂျင်းနဲ့ သံပုရာလက်ဖက်ရည်သောက်ပေးရင် ရာသီလာစဉ် ကြွက်တက်တာကို သက်သာစေပြီး ဗိုက်နာတာကိုတောင် သက်သာစေပါတယ်။ သံပုရာရည်နဲ့ ဂျင်းကို ရေနွေးထဲမှာ ရောပြီး သောက်ပေးရုံပါပဲ။

ယောဂကျင့်စဉ်တချို့ကို စမ်းကြည့်ပါ

Cobbler’s Pose, Cat-cow Pose, Child Pose စတဲ့ ယောဂကျင့်စဉ်တွေက ရာသီလာစဉ် နာကျင်မှုကို သဘာဝအတိုင်း သက်သာစေတဲ့ အကောင်းဆုံး ယောဂကျင့်စဉ်တွေထဲကမှ တချို့ဖြစ်တာမလို့ စမ်းကြည့်သင့်ပါတယ်။