လူတိုင်းဟာ အချိန်တိုင်းလိုလို မောပန်း၍ ပင်ပန်နွမ်းလျတယ်ဆိုပြီး ညည်းညူတတ်ကြပါတယ်။ မောပန်းမှုကြောင့် အားအင်ကုန်ခမ်းခြင်း၊ စိတ်ပိုင်း ကိုယ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပမ်းကျခြင်း၊ စိတ်ပါဝင်စားမှုမရှိခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလိုမျိုးတွေဖြစ်ပေါ်တာဟာ အလုပ်ခွင်၊ မိသားစုနှင့် ပေါင်းသင်းဆက်ဆံရေးတို့အပေါ် မကောင်းတဲ့သက်ရောက်မှုတွေဖြစ်ပေါ်လာစေနိုင်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို တိုက်ထုတ်ပြီး အလုပ်ခွင်မှာ အမြဲတက်ကြွလန်းဆန်းနေစေဖို့ လုပ်ဆောင်ပေးသင့်တဲ့အရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ မနက်စာကို ပုံမှန်စားပေးပါ

အချိန်အကြာကြီး အစာမစားပဲနေခြင်းက သွေးချိုပမာဏကျဆင်းသွားစေနိုင်ကာ အားအင်တွေလည်း ကုန်ခမ်းသွားစေနိုင်ပါတယ်။ စားတဲ့အခါမှာလည်း ဇီဝဖြစ်စဉ်နှင့် ခန္ဓာကိုယ်အားအင်တို့ကို မြှင့်တင်ပေးနိုင်တဲ့ မှန်ကန်သင့်တော်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးဖို့လည်း လိုအပ်ပါတယ်။

၂။ ရေများများသောက်ပေးပါ

ရေဓာတ်အပြည့်ရှိနေခြင်းက သင့်ကိုပိုပြီးတက်ကြွသွက်လက်စေနိုင်သလို ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ရေဓာတ်မခမ်းခြောက်အောင် တစ်နေ့လျှင် ရှစ်ခွက်မှ ဆယ်ခွက်အထိ ရေသောက်သုံးပေးပါ။

၃။ အားအင်ဖြစ်စေတဲ့ အစားအသောက်တွေကို များများစားပါ

တနေ့တာလုံးအားအင်ဖြစ်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို စားပေးဖို့ အရေးကြီးပါတယ်နော်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါး၊ ဂျုံ၊ ပြောင်းတို့ကို ထည့်သွင်းစားသောက််ပေးဖို့လည်းမမေ့နဲ့နော်။

၄။ အိပ်ရေးဝဝအိပ်ပေးပါ

အိပ်ရေးဝခြင်းက မောပန်းမှုနှင့် ပင်ပန်းနွမ်းလျမှုတို့ကို တိုက်ထုတ်ပေးနိုင်ပြီး တနေ့လုံး တက်ကြွလန်းဆန်းစေပြီး အလုပ်လုပ်ရာမှာလည်း မြန်ဆန်ပြီးမြောက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်အလုပ်များနေပါစေ အိပ်ချိန်ကိုတော့ လုံလုံလောက်လောက်ရအောင် အိပ်စက်ပေးပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ

တနေ့တာလုံး အထိုင်များတဲ့လူတွေဟာ မကြာခဏအားအင်ကုန်ခမ်းတယ်လို့ ခံစားရတတ်တဲ့အတွက် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းစတဲ့ ကိုယ်လက်လုပ်ရှားမှုတွေကိုလည်း အချိန်ပေးလုပ်ဆောင်ပေးသင့်ပါတယ်။

၆။ ကဖိန်းဓာတ်လျှော့ချပါ

ကော်ဖီအများကြီးသောက်ခြင်း သို့မဟုတ် ကဖိန်းဓာတ်ပါသော ဆိုဒါတွေကို သောက်သုံးခြင်းတို့က သင့်ရဲ့အားအင်တွေကို ကုန်ခမ်းသွားစေနိုင်ပါတယ်။ ကော်ဖီသောက်ခြင်းဟာ စိတ်ခံစားမှုနှင့် ဦးနှောက်လည်ပတ်မှုကို မြှင့်တင်ပေးတယ်လို့ ထင််ရပေမယ့် တကယ်တမ်းတွင် သင့်ရဲ့သွေးပေါင်ချိန်နဲ့ သွေးခုန်နှုန်းတို့ကို မြှင့်တင်ပေးလို့ စွမ်းအင်ပမာဏအပေါ် သက်ရောက်စေနိုင်ပါတယ်။

၇။ စိတ်ဖိစီးမှုလျော့ချပါ

စိတ်ဖိစီးမှုတွေဟာ သင့်ရဲ့အားအင်ပမာဏကိုသာမက ကျန်းမာရေးအပေါ်မှာပါ မကောင်းတဲ့သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများလာတဲ့အခါ စိတ်နဲ့ခန္ဓာကိုအနားပေးနိုင်ဖို့ အသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းကို ပြုလုပ်ကြည့်ပါ။

၈။ ကိုယ်အလေးချိန်လျော့ချပါ

ခန္ဓာကိုယ်က အပိုအလေးချိန်ကို သယ်ဆောင်ထားရင်လည်း မောပန်းမှုကိုဖြစ်စေပြီး အချိန်တိုင်းပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒါ့အပြင် အဝလွန်တာက ညဖက်တွေမှာ အိပ်မပျော်စေလို့ ငိုက်မြည်းမှုကိုဖြစ်ပေါ်စေကာ နေ့အချိန်မှာ အားအင်မရှိပင်ပန်းသလိုလိုဖြစ်နေစေပါတယ်။

၉။ တရားထိုင်ပါ

အချိန်ယူပြီးအနားယူခြင်း၊ တရားထိုင်ခြင်းတို့က ပင်ပန်းနွမ်းလျမှုကို တိုက်ထုတ်ပေးနိုင်ရုံသာမက သင့်ကိုပိုပြီး တက်ကြွသွက်လက်စေပါတယ်။ တနေ့လုံး တက်ကြွလန်းဆန်းနေစေဖို့ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ အချိန်ပေးပြီး တရားထိုင်ပေးပါ။

၁၀။ အရက်သေစာကို အများကြီးမသောက်ပါနဲ့

အရက်သေစာကို သင့်တင့်ရုံလောက်သောက်သုံးခြင်းက ကျန်းမာရေးအတွက် အလွန်မဆိုးရွားလှပေမယ့်လည်း အလွန်အကျွံသောက်သုံးမိရင်တော့ ကျန်းမာရေး ပြဿနာပေါင်းစုံကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် တန်ဆေးလွန်ဘေးဆိုသလို အရက်သေစာကို သင့်တင့်ရုံလောက်ပဲ သောက်သုံး‌ပါ။