ပုံမှန်ဟော်မုန်းထုတ်လုပ်မှုဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအပေါ်မှာ သက်ရောက်နေပါတယ်။ ဒါကြောင့် သင့်ရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းပမာဏနဲ့ပတ်သက်လို့ အပြောင်းအလဲတွေကို ခံစားမိပါက အသားအရေခြောက်သွေ့ယားယံခြင်း၊ မူးဝေခြင်းနှင့် စိတ်အပြောင်းအလဲမြန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့လို ရောဂါ လက္ခဏာတွေကို ခံစားလာရနိုင်ပါတယ်။

ကံကောင်းစွာနဲ့ပဲ ဒီလိုမျိုး ဟော်မုန်းဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ဖို့အတွက် ဆေးဝါးတွေမလိုဘဲ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေရှိနေတာကြောင့် အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

၁။ တင်ပါးဆုံရိုးရှိ သွေးလည်ပတ်အားကောင်းအောင်လုပ်ပါ

တင်ပါးဆုံရိုးသွေးလည်ပတ်အားကောင်းခြင်းကလည်း ဟော်မုန်းတွေကို ဟန်ချက်ညီစေဖို့ ထိန်းသိမ်းရာမှာ လိုအပ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ရာသီလာတဲ့အခါ (သို့) ပြီးဆုံးတဲ့အခါမှာ သွေးအမည်းတွေဖြစ်နေပါက ဒါမှမဟုတ် ဗိုက်အောက်ပိုင်းက ထိလိုက်တဲ့အခါ အေးသလိုခံစားနေရတဲ့အခါ သင့်ရဲ့တင်ပါးဆုံရိုးကို တစ်ခုခုလုပ်ပေးဖို့ လိုအပ်လာပါပြီ။

ထိုအချိန်မှာ ဖိနှိပ်ပေးတာဖြစ်ဖြစ်၊ ဂျင်းနဲ့ပြုလုပ်ထားတဲ့ ရေနွေးကြမ်းပူပူလေးကို အနားတစ်ဝိုက်မှာ ကပ်ပေးတာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

၂။ ကြက်ဥ၊ ဘဲဥ များများစားပါ

သင့်ရဲ့ဟော်မုန်းကျန်းမာရေးကို သင့်တင်းလျှောက်ပတ်စေဖို့အတွက် အစားစားတိုင်းမှာ ပရိုတင်း ၂၀-၃၀ ဂရမ်လောက် အနည်းဆုံး ထည့်သွင်းစားသုံးပေးပါ။ ထို့အပြင် ပရိုတင်းကြွယ်ဝသော အစားအစာများထဲမှာမှ ဥများဟာ အာဟာရပြည့်ဝဆုံးဖြစ်တာကြောင့် ဥများကိုစားသုံးခြင်းဟာ သင့်ရဲ့ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်လည်း မြန်မြန်ကျစေပါတယ်။

၃။ ဆားရေစိမ်ချိုးပေးပါ

ဆားရေစိမ်ချိုးပေးခြင်းကလည်း ခန္ဓာကိုယ်အတွင်းက မဂ္ဂနီဆီယမ်ပမာဏကို တိုးမြှင့်ပေးသလို စိတ်ဖိစီးမှုဟော်မုန်းတွေကိုလည်း လျော့ကျစေပါတယ်။ ရေချိုးဇလုံထဲမှာ ရေနွေးနွေးထည့်၊ ဆား ၃ ခွက်လောက်ထည့်ပြီး ၁၂ မိနစ်လောက်စိမ်ထားပြီးနောက် ရိုးရိုးရေနဲ့ ပြန်လည်သန့်စင်ပစ်ပါ။

၄။ ခြေဗလာလမ်းလျှောက်ပါ

သင့်ခြေထောက်ရဲ့ ခြေဖဝါးတွေမှာ အကြောပေါင်း ၁၃၀၀ လောက်ပါဝင်နေတာကြောင့် မျက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်ပေါ်မှာ ဒါမှမဟုတ် ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ ခြေဗလာလမ်းလျှောက်ပေးခြင်းက မြေကြီးရှိသဘာဝစွမ်းအင်ကို စုပ်ယူစေပြီး ကျန်းမာရေးကောင်းစေပါတယ်။

Credit: BrightSide