Lip Plump ဖြစ်တာမျိုး လိုချင်တဲ့သူတွေအတွက် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။

Exfoliating

အရင်ဆုံးလုပ်ရမှာကတော့ exfoliating လုပ်ပေးရမှာပဲ။ ပျားရည်နဲ့သကြားညိုကိုရောပြီး နှုတ်ခမ်းကို မိနစ်အနည်းငယ်ကြာ စက်ဝိုင်းပုံစံ နှိပ်နယ်ပြီးပွတ်ပေးပါ။ ပြီးရင် ရေကြက်သီးနွေးနဲ့ ဆေးချပေးပါ။

Hydration

ရေများများသောက်ပြီး lip balm ဒါမှမဟုတ် natural oils တွေဖြစ်တဲ့ coconut oil, almond oil, olive oil စတာတွေ လိမ်းပေးလို့ရပါတယ်။

Lip exercise

Lip plump ဖြစ်ဖို့အတွက် exercise လုပ်ပေးဖို့လည်း လိုပါတယ်။ နှုတ်ခမ်းကို အဆုံးအထိ ပြုံးချလိုက်ပါ။ ပြီးရင် နှုတ်ခမ်းဆူပါ။ အဲ့အတိုင်း exercise လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။ ဒါကြောင့် သတိရတိုင်း ခဏခဏသာ လုပ်ပေးပါ။

သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်အမှုန့် အနည်းငယ်ကို သံလွင်ဆီနဲ့ရောပြီး နှုတ်ခမ်းပေါ်လိမ်းပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး နှုတ်ခမ်းပိုပြီး ပြည့်ပြည့်လေး ဖြစ်လာစေပါတယ်။

Peppermint oil

Peppermint oil ကို အုန်းဆီနဲ့ နည်းနည်းရောပြီး နှုတ်ခမ်းပေါ်လိမ်းကာ ဖြေးဖြေးချင်းစီ နှိပ်နယ်ပေးပါ။ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး နှုတ်ခမ်းသား ပျော့ပျောင်းစေပါတယ်။

ဂျင်း

ဂျင်းက သွေးလည်ပတ်မှု အားကောင်းစေပြီး နှုတ်ခမ်းသားကို ယာယီ တင်းရင်းစေနိုင်ပါတယ်။ ဂျင်းကို နည်းနည်းခြစ်ယူပြီး ထောင်းကာ အရည်ရအောင်ညှစ်ချပါ။ ပြီးရင် အုန်းဆီနည်းနည်းနဲ့ ရောမွှေပြီး နှုတ်ခမ်းကို ၁၀ မိနစ်လောက် လိမ်းထားရမှာ ဖြစ်ပါတယ်။