ဝက်ခြံထွက်ပြီးကျန်ခဲ့တဲ့ အမာရွတ်တွေက တစ်ခုနှစ်ခုဆို ပုံမှန် Skincare လုပ်ရုံနဲ့ ပျောက်ဖို့လွယ်ပေမယ့် အရမ်းများရင်ကျတော့ အဆင်မပြေပါဘူး။ ဒါကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ ပါးသွားစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Scrub

မျက်နှာတိုက်တဲ့ Face Scrub ကို တစ်ပတ်တစ်ခါ ပုံမှန်သုံးပေးမယ်ဆိုရင် အရေပြားပေါ်က Dead Skin Cells တွေကို ဖယ်ရှားပေးပြီး ဝက်ခြံအမာရွတ်တွေလည်း ပါးလာစေပါတယ်။ Scrub လုပ်ပြီးရင်တော့ Moisturizer သေချာပြန်လိမ်းဖို့ မမေ့ပါနဲ့။

သံပယိုရည်

သံပယိုရည်ကို ဝက်ခြံအမာရွတ်ပေါ် လိမ်းပေးရင် အမာရွတ်တွေ ပါးပြီးမှိန်သွားစေပါတယ်။ Sensitive ဖြစ်တဲ့သူဆိုရင် ရေနဲ့ရောပြီးမှ လိမ်းပေးရင်ရပါတယ်။ နေ့လည်ပိုင်းတွေမှာ Sunscreen လိမ်းပေးဖို့မမေ့ပါနဲ့။

အုန်းဆီ

အုန်းဆီထဲမှာက သဘာဝ Vitamins တွေပါဝင်တာကြောင့် ဝက်ခြံတွေပါးသွားစေပါတယ်။ ဝက်ခြံအမာရွတ်ပေါ်တို့လိမ်းပြီး တစ်ညထားလည်းရသလို အရမ်း Heavy ဖြစ်တယ်ခံစားရရင် နေရတာအဆင်မပြေရင် မိနစ် ၃၀ ထားပြီး မျက်နှာပြန်သစ်လိုက်လို့ ရပါတယ်။

ပျားရည်

ပျားရည်ကို ဝက်ခြံအမာရွတ်ပေါ် တိုက်ရိုက်လိမ်းပေးခြင်းကလည်း အမာရွတ်တွေ ပါးသွားစေပြီး အသားအရေ ချောမွေ့လာစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ဂျယ်လ်က အသားအရေကို Healing လုပ်ပေးတာ အရမ်းမြန်ပါတယ်။ အသားအရေပျက်စီးနေရင် Healing လုပ်ပေးတာမြန်သလို နေလောင်ထားရင်လည်း သက်သာစေပါတယ်။ ဒီလိုပဲ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် အမဲစက်တွေကိုလည်း မှေးမှိန်သွားအောင် လုပ်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အတွင်းက ဂျယ်လ်ကို အမာရွတ်ပေါ် ပွတ်ပေးပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်ပေးရုံပါပဲ။