မင်္ဂလာပါနော်။ ဆံပင်နှစ်ခွဖြစ်နေလို့ စိတ်ညစ်နေတဲ့ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဆံဖျားနှစ်ခွဖြစ်တာကို ခဏခဏ ညှပ်နေရလို့ ဆံပင်ရှည်မလာနိုင်တော့လို့ စိတ်ညစ်မနေပါနဲ့တော့။ သဘာဝနည်းလမ်းလေးတွေနဲ့ ပေါင်းတင်လိုက်ပါနော်။

ထောပတ်သီး

အရင်ဆုံး ထောပတ်သီးမှည့်၁ လုံးကို ခွဲလိုက်ပြီး ပြဲအောင်လုပ်ပါ။

ပြီးရင် သံလွင်ဆီနဲ့ အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဆီထည့်ပါ။

ပါဝင်ပစ္စည်းတွေကိုရောသွားအောင်သေချာမွှေပါ။

ပြီးရင် ဆံကေသာကို လိမ်းပါမယ်။ ဦးရေပြားကို မထိအောင်လိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပေးပြီး ခေါင်ေးလျှာ်ချပါ။

တစ်လကို အနည်းဆုံး ၃ ကြိမ်ပြုလုပ်ပေးရပါမယ်။

ထောပတ်သီးမှာ မဂ္ဂနီဆီယမ်၊ ဖက်တီးအက်ဆစ်၊ ပရိုတင်း၊ ဖောလိတ်အက်ဆစ် ၊ ဗီတာမင် ဓါတ်တွေနဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ဆံကေသာကို အားဖြည့်ပေးနိုင်သလို ဆံသားတွေကို သန်စွမ်းစေပါတယ်။

ကြက်ဥ

ကြက်ဥ ၁ လုံးကိုဖောက်ပြီး အနှစ်ကိုယူပါ။ ပြီးရင် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်းထိထည့်ပါ။ ပြီးရင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

အဲဒီနောက် ဆံကေသာပေါ်မှာ လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးရင်ခေါင်းလျှော်ချပါ။

ဘီယာ

ဘီယာကို ဆံကေသာအတွက်အသုံးပြုလို့ရတယ်ဆိုတာ စာဖတ်သူတစ်ချို့ ကြားဖူးကြမယ်ထင်ပါတယ်။

အရင်ဆုံး ခေါင်းလျှော်ရည်နဲ့ ခေါင်းအရင်လျှော်ပါ။ ပြီးရင် ဘီယာကို ခွက်တစ်လုံးထဲထည့်ပြီး ဆံကေသာပေါ် လိမ်းပေးပါ။ ၂ မိနစ် ၃ မိနစ်လော်ကထားပြီး ခေါင်းလျှော်ချပါ။

တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးပါ။