မိတ်ကပ်အများကြီးပြင်တာက ရုပ်ရင့်စေပါတယ်။ ဒါကြောင့် မိတ်ကပ်ပြင်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးလေးနဲ့ မိတ်ကပ်သိပ်မလိမ်းထားတဲ့ပုံစံမျိုး၊ သဘာဝအတိုင်းလှနေတဲ့ ပုံစံမျိုးလေးရစေမယ့် မိတ်ကပ်ပြင်ဆင်နည်းကို မျှဝေပေးလိုက်ပါတယ်။ အခုနောက်ပိုင်းမှာလည်း မိတ်ကပ်အများကြီး လိမ်းပြီး ပြင်ဆင်တာထက် Natural Makeup Look လေးတွေက ပိုပြီးခေတ်စားလာပါတယ်။ မျက်ကပ်မှန်တပ်တတ်ရင် မျက်ကပ်မှန်တပ်ပေးပါ။ ဒီလို Makeup Look လေးတွေမှာက မျက်ကပ်မှန်တပ်ရင် အရမ်းကိုလှပါတယ်။

မိတ်ကပ်လိမ်းတော့မယ်ဆိုရင် Toner, Moisturizer နဲ့ Sunscreen ဒီ ၃ မျိုးကို မဖြစ်မနေ လိမ်းပေးရပါမယ်။

သဘာဝဆန်တဲ့ Natural Makeup Look လေး လိုချင်ရင်တော့ Foundation မလိမ်းပါနဲ့။ CC Cream (သို့) BB Cream ပဲလိမ်းပေးပါ။ ကိုယ့်အသားအရေက အရမ်းကောင်းနေတာမျိုး မဟုတ်ဘူးဆိုရင်တော့ CC Cream လိမ်းပါ။

ကိုယ့်မျက်နှာမှာရှိတဲ့ ဝက်ခြံ၊ အမဲစက်၊ အမာရွတ်တွေကို ဖုံးဖို့ Concealer ကောင်းကောင်းလေးတစ်ခု သုံးပေးပါ။ မျက်ကွင်းညိုတာကို ဖုံးဖို့အတွက် မျက်ကွင်းနေရာကိုလည်း Concealer သုံးပေးပါ။

ပါးနီနဲ့ နှုတ်ခမ်းနီကို အရောင်တူတာလေးသုံးမှာဖြစ်တဲ့အတွက် Cream Lipstick လေးသုံးပေးရင် ပိုကောင်းပါတယ်။ ဒီမှာတော့ moonshot Cream Paint Stain Fit #03 Rosy Claret ကို သုံးထားပါတယ်။

နှုတ်ခမ်းမှာတစ်ချက်၊ ပါးနှစ်ဖက်မှာ တစ်ချက်စီတို့ပြီး သေချာလေးလက်နဲ့ပဲ ပွတ်ဆွဲပေးပါ။

မျက်ခုံးမွှေးကို Brush နဲ့ အရင်ဖြီးပါ။ ပြီးရင် Mascara နည်းနည်းယူပြီး ထပ်ဖြီးပေးပါ။ ပြီးမှ Eyebrow Pencil နဲ့ ပါးပါးလေးဆွဲပြီး ပုံသွင်းပေးပါ။

သဘာဝဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းပြီး လှနေအောင် 4u2 ရဲ့ Love me more blush on #S7 You kiss me ကို သုံးပြီး မျက်ခွံပေါ်ကို နည်းနည်းခြယ်ပါမယ်။

မျက်လုံးအောက်နားကို Brush နဲ့ Eyeshadow အညိုကိုယူပြီး နည်းနည်းခြယ်ပေးပါ။

မျက်တောင်ကော့တဲ့အတံနဲ့ မျက်တောင်ကော့ပြီး Mascara နဲ့ ကော့ပေးပါ။ အောက်မျက်တောင်ပါ ကော့ပေးဖို့ လိုပါတယ်။

ပြောင်ပြောင်လေးနဲ့ glow နေစေဖို့ ပါးနှစ်ဖက်၊ နှာခေါင်း၊ မေးစိ၊ နဖူး ကို Highlighter သုံးပေးပါ။

ဒါဆိုရင်တော့ သဘာဝအတိုင်းလှနေတဲ့ပုံစံမျိုးလေး မိတ်ကပ်ပြင်ဆင်တာ ပြီးသွားပါပြီ။ ထိုင်းမလေးတွေရဲ့ Natural Makeup Look လေးလည်း ဖြစ်တာကြောင့် သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

Source: www.soundtissst