နွေရာသီရောက်ပြီဆိုရင် ပူအိုက်လွန်းလို့ အရေပြားတွေယားယံပြီး အင်္ကျီလက်ရှည်တွေဆို သိပ်ဝတ်လို့အဆင်မပြေပါဘူး။ ဒါ့ကြောင့် အင်္ကျီ လက်ပြတ်လှလှလေးတွေ ဝတ်နိုင်ဖို့ဆိုရင် ချိုင်းကြားအသားအရေလေး ဖြူဝင်းနေဖို့လိုတာပေါ့နော်။

နည်းလမ်း ၁

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပါ။ ပြီးရင် ချိုင်းကြား ၊ ဒူးခေါင်း၊ တဒေါင်ဆစ်နဲ့ တခြားညိုမဲနေတဲ့ နေရာတွေမှာလိမ်းလို့ရပါတယ်။ ၅ မိနစ်လောက် ပွတ်လိမ်းပေးပါ။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ညိုမည်းတာကိုသက်သာစေမယ့်အပြင် ချွေးပေါက်ပွင့်စေမှာဖြစ်ပါတယ်။ ပြီးရင် ရေအေးနဲ့ ဆေးချပါ။

တစ်ပတ်ကို ၃ ကြိမ် တစ်လလောက်လုပ်ပေးပါ။

နည်းလမ်း ၂

သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လိမ္မော်ရည် ၄ စက် ၅ စက်

သံပုရာသီး တစ်ခြမ်း

နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဝက်

Glycerin အရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ချိုင်းကြားနဲ့ တခြားညိုမည်းနေတဲ့ နေရာမှာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး အခြောက်ခံပါ။ ရေအေးနဲ့ ဆေးချပါ။

တစ်ပတ် ၃ ကြိမ်လုပ်ပေးပါ။ ၁ လတိတိလုပ်ပါ။

နည်းလမ်း ၃

ပြုလုပ်နည်း

အာလူးကိုအခွံနွှာလိုက်ပါ။ ပြီးရင် ခြစ်တဲ့ဟာနဲ့ ခြစ်ချပေးပါ။ အဲဒီနောက် ပိတ်စအသန့်တစ်ခုကိုယူပြီး အရည်ညှစ်ထုတ်ပေးပါ။ အဲဒီအရည်ကို ချိုင်းအောက်မှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနဲ့ ဆေးချပါ။

တစ်ပတ်ကို ၃ ကြိမ်။ တစ်လတိတိ လုပ်ပေးပါ။

နည်းလမ်း ၄

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်ခုကို သေချာရောလိုက်ပါ။ ပြီးရင် ချိုင်းကြားမှလိမ်းပေးပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေနွေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် ၁ လတိတိလုပ်ပေးပါ။