ခြေဖမိုးနေလောင်ခံထားရရင် ခြေထောက်က အသားအရောင်မညီပဲ ကြည့်ရဆိုးစေပါတယ်။ နေလောင်ထားတဲ့နေရာက အရမ်းနီပြီးမဲနေတာမျိုး ဖြစ်နေတာပါ။ ဒါကြောင့် ခြေဖမိုးနေလောင်ခံထားရတာကို အမြန်ဆုံးပျောက်အောင် လုပ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေထဲက ကိုယ်နှစ်သက်ရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ရေ

မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေနဲ့ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင် ခြေဖမိုးမှာလိမ်းပြီး scrub လုပ်သလိုမျိုး စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး lotion ပြန်လိမ်းထားပါ။

Buttermilk နဲ့ နနွင်းမှုန့်

Buttermilk – စားပွဲတင်ဇွန်း ၁ ဇွန်းကို နနွင်းမှုန့် နည်းနည်းနဲ့ ရောမွှေပြီး ခြေဖမိုးမှာ ခုနကလိုပဲလိမ်းပြီး scrub လုပ်သလိုမျိုး စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင်တော့ မိနစ် ၃၀ ထားပြီးမှ ရေဆေးချပြီး lotion ပြန်လိမ်းထားပါ။

ပျားရည်နဲ့ဖရဲသီး

ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဖရဲသီးဖျော်ရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး ခြေဖမိုးမှာလိမ်းထားပါ။ မိနစ် ၃၀ လောက်ထားပြီးရင် ရေဆေးချပြီး lotion လိမ်းထားရုံပါပဲ။

ပျားရည်နဲ့နာနတ်သီး

ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ကြိတ်ချေထားတဲ့နာနတ်သီး – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး ခြေဖမိုးမှာလိမ်းပေးပါ။ ၁၅ မိနစ်ကြာရင် ရေဆေးချပြီး lotion ပြန်လိမ်းပေးပါ။

သံပယိုရည်နဲ့ဒိန်ချဉ်

သံပယိုရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး ခြေဖမိုးမှာလိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀ ထားပြီးမှ ရေဆေးချပြီး lotion သေချာပြန်လိမ်းထားပေးပါ။

အားလူးအရည်

အာလူးတစ်လုံးကို သေးသေးလေးတွေဖြစ်အောင်ခြစ်ပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့အာလူးအရည်ကိုမှ ဂွမ်းလုံးလေးနဲ့ယူပြီး ခြေဖမိုးမှာပွတ်ပေးပါ။ သေချာပွတ်ပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေဆေးချပြီး lotion ပြန်လိမ်းပေးပါ။