အိပ်ရေးပျက်တဲ့အခါ၊ ကိုယ်နဲ့ အဆင်မပြေတဲ့ အလှကုန်၊ ကိုယ့် စားသောက်ပုံစံ စတာတွေကြောင့် ချွေးပေါက်ကျယ်နိုင်ပါတယ်။ ချွေးပေါက်ကျယ်တာက သင့်အသားအရေကို Glow Skin လို့ မဆိုနိုင်တော့လောက်အောင် ဆိုးရွားစေပါတယ်။ မျက်နှာမှာ အပေါက်သေးသေးလေးတွေ မြင်နေရတာက ဘယ်လိုမှလည်း ကြည့်ရ အဆင်ပြေမှာ မဟုတ်ပါဘူး။ သင်က ချွေးပေါက်ကျယ်တာကို ထိထိရောက်ရောက် သက်သာစေချင်တယ်ဆိုရင်တော့ ဒီထိန်းသိမ်းနည်းတွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁။ ကြက်ဥ အကာ

Photo Source: Adora Beauty

ကြက်ဥအကာက ချွေးပေါက်ကျယ်တာ သက်သာစေပြီး အသားအရေကို တင်းရင်းစေပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥအကာ တစ်လုံးနဲ့ အုတ်ဂျုံ ၂ ဇွန်းပါ။ ဒီထဲကို သံပိယိုရည် ၂ ဇွန်း ထည့်ရပါမယ်။ ပြီးနောက် မျက်နှာပေါ် လိမ်းပြီး ခြောက်တဲ့အချိန် ရေဆေးချနိုင်ပါတယ်။

၂။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အရည်ရအောင် ကျိတ်ပေးရပါမယ်။ ဒီအရည်ကို မျက်နှာပေါ် လိမ်းပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ ထားပေးရပါမယ်။ ပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးချရပါမယ်။

၃။ ရေခဲတုံး

ချွေးပေါက်ကျဉ်းဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ ရေခဲတုံးပါ။ ရေခဲတုံးကို အဝတ်တစ်ခုထဲ ပတ်ထည့်ပြီး မျက်နှာပေါ် မိနစ် အနည်းငယ် ပွတ်ပေးရပါမယ်။

၄။ ရှားစောင်းလတ်ပတ်ဂျယ်

ရှားစောင်းလတ်ပတ်ဂျယ်က မျက်နှာကို အစိုဓာတ်ထိန်းပေးရင်း ချွေးပေါက်ကျဉ်းခြင်း လုပ်ငန်းကိုပါ လုပ်ဆောင်ပေးပါတယ်။ မျက်နှာပေါ် ရှားစောင်းလတ်ပတ်ဂျယ်ကို လိမ်းပေးရုံပါပဲ။

၅။ သင်္ဘောသီး

သဘောၤသီးကို အနှစ်ရအောင် ချေပြီးနောက် မျက်နှာပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် မိနစ် ၂၀ ထားပေးရပါမယ်။ ပြီးနောက် ရေဆေးချပေးရပါမယ်။

၆။ ပျားရည်+သကြား

ဒါကတော့ မျက်နှာ ချေးချွတ်တာပါ။ ပျားရည် တစ်ဇွန်း၊ အညိုရောင် သကြားတစ်ဇွန်းနဲ့ သံပယိုရည် အနည်းငယ်ကို ရောပေးရပါမယ်။ ပြီးနောက် မျက်နှာပေါ် ညင်သာစွာ ပွတ်ပေးရပါမယ်။

၇။ ဒိန်ချဉ်

Photo Source: Organic Authority

ဒိန်ချဉ်ကို ချွေးပေါက်ကျယ်တဲ့ နေရာတွေပေါ် လိမ်းပေးရပါမယ်။ မိနစ် ၂၀ ထားပြီးနောက် ရေနွေးနဲ့ ဆေးချရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar