ဆံကေသာ ခြောက်သွေ့ကြမ်းတမ်း ခြင်းဟာ အလှပကြိုက်တဲ့ ပျိုမေတို့အတွက်တော့ တကယ်ကို အိပ်မက်ဆိုးတစ်ခုပါပဲ။ အမျိုးသားတွေလည်း ထပ်တူပါပဲနော်။ လူတိုင်း လှပပြီး တောက်ပတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ ခြောက်သွေ့တဲ့ဦးရေပြားနဲ့ ဆံကေသာပိုင်ရှင်တွေအတွက် နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။

ရှောင်ရမယ့်အချက်တွေ

ဆံပင်ပုံသွင်းစက်တွေ မကြာခဏအသုံးပြုခြင်း၊ Gel သုံးခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ နေရောင်ခြည်ထိတွေ့မှုများခြင်း၊ ရေကူးကန်ထဲက ကလိုရင်းနဲ့ မကြာခဏထိတွေ့ခြင်း၊ ဆံပင်ကို ရေစိုနေချိန်မှာခပ်ကြမ်းကြမ်းဖြီးခြင်းတွေကို တတ်နိုင်သလောက်ရှောင်ပေးပါ။

သဘာဝနည်းလမ်း

ပါဝင်ပစ္စည်း

ထောပတ်သီးအမှည့် တစ်ခြမ်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုထည့်ပြီး သေချာမွှေလိုက်ပါ။ ထောပတ်သီးကို လုံးဝမှည့်နေတဲ့အသီးသုံးပါ။

ပြီးရင်ရင် သံလွင်ဆီနဲ့ သေချာမွှေပေးပြီး ဆံကေသာ အရင်းကအနေ အဖျားထိ သေချာလိမ်းပေးပါ။ ဦးရေပြားကိုလည်းဖြည်းဖြည်းချင်း နှိပ်နှယ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ပုံမှန်အတိုင်းခေါင်းလျှော်ချပါ။

နောက်ထပ် သဘာဝနည်းလမ်းလေးတွေ

အုန်းဆီကို ခေါင်းမလျှော်ခင်မှာ နာရီဝက် ၁ နာရီလောက် လိမ်းပေးထားပါ။ ပြီးရင် ခေါင်းလျှော်ချပါ။ တစ်ပတ်ကို တစ်ကြိမ်လုပ်ပါ။

ဓာတုပစ္စည်းမပါတဲ့ ခေါင်းလျှော်ရည်သုံးပါ။

ခေါင်းလျှော်ရည်ဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။ သဘာဝအတိုင်းလုပ်ထားတဲ့ခေါင်းလျှော်ရည်တွေကိုအသုံးပြုပါ။