ပုံမှန်အားဖြင့် ချိုင်းကြား အသားအရေဟာ နေမထိ လေမထိတဲ့ အရေပြားနေရာဆိုပေမယ့် ချိုင်းမွေးရိတ်ခြင်း၊ ချွေးထွက်ခြင်း နဲ့ အရေပြားအတွင်းရှိ ဆဲလ်သေတွေ စုပုံခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် အသားအရေ မဲညစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။

တကယ်တော့ မျက်နှာအသားအရေကို Skincare ထိန်းသိမ်းမှု လုပ်ကြသလိုပဲ ချိုင်းကြား အသားအရေကိုလည်း ပုံမှန်ထိန်းသိမ်းမှု ပြုလုပ်ပေးဖို့ လိုပါတယ်။

ချိုင်းကြားမဲနေလို့ အင်္ကျီလက်ပြတ်တွေ မဝတ်ရဲ ဖြစ်နေတယ် ၊ လူကြားသူကြားထဲ သွားဖို့ မဝံ့မရဲဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြမယ့် သဘာဝနည်းလမ်းလေးတွေနဲ့ ချိုင်းကြား အသားအရေကို ဖြူဝင်းအောင် လုပ်လို့ရနိုင်ပါတယ်။

(၁) Tea Tree Oil

Tea Tree Oil ဟာ ချိုင်းကြား အသားအရေကို ပြန်လည် ဖြူဝင်းလာစေမယ့် အကောင်းဆုံး ဆေးတစ်လက် ဖြစ်ပါတယ်။ ချိုင်ကြား အသားအရေကို ဖြူဝင်းစေရုံမကဘဲ ဘက်တီးရီးယား ပိုးမွှားဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် အနံ့အသက်ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အသုံးပြုနည်းကတော့ Tea Tree Oil ကိုရေအနည်းငယ်ရောစပ်ပြီး စပရေးပုလင်းအလွတ်တစ်ခုထဲ ထည့်ကာ လက်မောင်းအောက်နဲ့ ချိုင်းကြားကို ဖြန်းပေးပါ။ ပိုမိုထိရောက်တဲ့ ရလဒ်တစ်ခုရစေဖို့ နေ့စဉ်အသုံးပြုနိုင်ပါတယ်။

(၂) သံပယိုသီး

သံပယိုသီးမှာ အထူးသဖြင့် Citric အက်စစ်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သဘာဝ အစွန်းအထင်း ချွတ်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ သံပယိုသီးက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အချိန်အတိုင်းအတာတစ်ခုအထိ အသားအရေကို ကြည်လင်ဝင်းပစေဖို့ ကူညီပေးနိုင်ပါတယ်။

အသုံးပြုနည်းကတော့ သံပယိုသီးကို ထက်ခြမ်း ခြမ်းပြီး ချိုင်းကြား အသားအရေ ကို ပွတ်ပေးပါ။  ၅ မိနစ်ကနေ ၁၀ မိနစ်ခန့်ထား ပြီးရင်တော့ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်လိုက်လို့ ရပါပြီ။

(၃) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ သဘာဝအလှကုန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အသားအရေကို အေးမြလန်းဆန်းစေပြီး နူးညံ့ချောမွတ်စေဖို့ ကူညီပေးနိုင်သလို ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားသန့်စင်ပေးတာကြောင့် ချိုင်းနံ့ဆိုးထွက်ခြင်းမှလည်း ကာကွယ်တားဆီးပေးပါတယ်။

အသုံးပြုနည်းကတော့ ရှားစောင်းလက်ပတ်အပင်ကနေ လတ်လတ်ဆတ်ဆတ် လှီးဖြတ်ထားတဲ့ ဂျယ်လ်ကို ထုတ်ယူပြီး လက်မောင်းအောက် ချိုင်းကြားအသားအရေကို လိမ်းကာ ညင်သာစွာ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ မိနစ် ၂၀ ခန့် ထားပြီး ကြက်သီးနွေးရေနဲ့ ဆေးချလိုက်လို့ ရပါပြီ။

(၄) အာလူး

အာလူးဟာ အသားအရေညစ်နွမ်းခြင်းနဲ့ အမည်းစက်တွေကို အထိရောက်ဆုံး ကုစားပေးနိုင်ပါတယ်။ ချိုင်းကြား အရေပြားကို နူးညံ့ချောမွတ်စေတဲ့အပြင် အမည်းစက်နဲ့ ယားယံခြင်းတွေကို လျော့ကျသက်သာစေပါတယ်။

အာလူးမှာ အပျော့စား Citric အက်စစ်ဓာတ်ပါဝင်တဲ့အတွက် ထိရှလွယ်တဲ့ အသားအရေ ပိုင်ရှင်တွေလည်း သုံးနိုင်မယ့် အကောင်းဆုံး သဘာဝ ဆေးတစ်လက် ဖြစ်ပါတယ်။

အသုံးပြုနည်းကတော့ အာလူးကို ပါးပါးခြစ်ပြီး အရည်ညှစ်ကာ ဂွမ်းစနဲ့ချိုင်းကြား အသားအရေကို တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ ရေအေးနဲ့ ရေဆေးလိုက်လို့ ရပါပြီ။