အားလုံးပဲမင်္ဂလာပါနော်။ လူတိုင်း ဆံပင်မကျွတ်ဘဲ ဆံကေသာရဲ့ ကောင်းခြင်းကို ပိုင်ဆိုင်ချင်ကြပါတယ်။

ဆံပင်ကျွတ်တာဟာ မိန်းကလေးတိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး လူတိုင်းမကြုံတွေ့ချင်ဆုံး ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။

ဆံပင်ခဏခဏ ကျွတ်နေလို့ စိတ်ညစ်နေကြတဲ့သူတွေ၊ ဘယ်လိုလုပ်ရမလဲဆိုတာကို မကြာခဏမေးနေသူတွေအတွက် ဒီတခါမှာတော့ သဘာဝကပေးတဲ့ အဖြေကို မျှဝေပေးသွားပါမယ်နော်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

ဘာမှခက်ခက်ခဲခဲ စဉ်းစားနေစရာမလိုပါဘူး။ သင့်မီးဖိုချောင်မှ အလွယ်တကူ ရှိနေတဲ့ အစားအစာပါပဲ။ ဗောက်တွေကိုရော ဆံပင်ကျွတ်တာကိုပါသက်သာစေပြီး ဆံကေသာကို သဘာဝအတိုင်း တောက်ပြောင်လာစေပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်သွန်နီ ၄ လုံး
  • ကြက်သွန်ဖြူ ၆ မွှာ
  • ရေ ခွက်တစ်ဝက်

ပြုလုပ်နည်း

ကြက်သွန်နီကို အခွံနွှာလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူကိုလည်း အခွံနွှာပါ။ ကြက်သွန်နီကို အတုံးသေးသေးလေးလှီးလိုက်ပါ။

ပြီးရင်တော့ ကျိတ်စက်ထဲထည့်ပြီး ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပါ။ ပြီးရင်သေချာလေး ကျိတ်ပေးလိုက်ပြီး သင့်ရဲ့ ဆံပင်အမြစ်ဖျားလေးတွေကို သေချာ နှံအောင်လိမ်းလိုက်ပါ။

မိနစ် ၃၀ ကနေ ၄၀ အထိထားပါ။

အဲဒီနောက် ခေါင်းကိုသေချာလျှော်ပေးပါ။ တစ်ပတ် ၂ ကြိမ်လုပ်နိုင်ပါတယ်။

ကြက်သွန်နီနဲ့ အဆီ

ပါဝင်ပစ္စည်း

  • ကြက်သွန်နီ ၂ လုံး
  • အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ကြက်သွန်နီကို အခွံနွှာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။ ပြီးရင်တော့ ကျိတ်စက်ထဲထည့်ပြီး ကျိတ်ပေးလိုက်ပါ။ အဲဒီနောက် အုန်းဆီနဲ့ သံလွင်ဆီထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

သင့်ရဲ့ ဆံပင်အမြစ်လေးတွေကို နှံ့အောင်လိမ်းပေးလိုက်ပြီး မိနစ် ၃၀ ကနေ ၄၀ အထိထားပါ။ အဲဒီနောက် ခေါင်းသေချာလျှော်ချပေးလိုက်ပါ။

တစ်ပတ် ၂ ကြိမ်လုပ်ပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်း ၂ ခုထဲက မိမိနှစ်သက်ရာ (၁) ခုကို လိုက်လုပ်ပေးနိုင်ပါတယ်။

Photo: www.pinterest.com

By: MyStyle Myanmar