လူတိုင်း ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို လိုချင်ကြပါတယ်။ နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်နော်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ဟာ သင့်အသားအရေအတွက်ရော ဆံကေသာအတွက်ပါ ကောင်းမွန်ပါတယ်။ သင့်ဆံကေသာကို သန်စွမ်းစေပါတယ်။

ရှားစောင်းလက်ပက်ကို အနှစ်ထုတ်ပြီး ဦးရေပြား ဆံကေသာအရင်းကနေ အဖျားထိ လိမ်းပေးကာ ညလုံးပေါက်ထားပါ ။မနက်မိုးလင်းရင် ခေါင်းလျှော်ချလိုက်ပါ။ ၃ ကြိမ် ၄ ကြိမ်လောက်လုပ်ရင် သိသာတဲ့ ရလဒ်ကို ရရှိလာစေမှာဖြစ်ပါတယ်။

အာလူး

အာလူးမှာ အာဟာရဓာတ်တွေများစွာပါဝင်ပြီး သင့်ဆံကေသာအတွက် များစွာအကျိုးရှိစေပါတယ်။ အာလူးကို ရေသေချာဆေးပြီး ရေနွေးနဲ့ ပြုတ်လိုက်ပါ။ ပြီးရင် အေးအောင်ထားပြီး အဲဒါနဲ့ ခေါင်းလျှော်ချပါ။ နောက်ဆုံးကြိမ်လျှော်ချတဲ့နေရာမှာ အာလူးပြုတ်ရည်ကို သုံးပေးရမှာဖြစ်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးပါ။ အဲလိုမလုပ်ချင်ဘူးဆိုရင်လည်း ခေါင်းမလျှော်ခင် အာလူးပြုတ်ရည်နဲ့ အရင်ဦးရေပြားကို ရေလောင်းပေးထားပြီး ခေါင်းကို ခြောက်အောင်သုတ်ကာ ၁ နာရီလောက်ထားထားပါ။ ပြီးမှ ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။