လက်သည်းနီ အရောင်ကို အရောင်တောက်လွန်းတာက အသားအရေ အရောင်တိုင်းနဲ့ မလိုက်ဖက်ပါဘူး။ ဒါပေမဲ့ သဘာဝဆန်ဆန် အရောင်လေးကတော့ သင့်လက်ကလေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ ပိုလှစေပါတယ်။ အရောင်ရင့်လွန်းတာက လက်သည်း ပြန်ဖျက်ရင် အစွန်းအနေနဲ့ ကျန်ခဲ့နိုင်ပါသေးတယ်။ သင်က လက်သည်းစတိုင်ကို ရိုးရိုးရှင်းရှင်း အရောင်အေးအေးလေးတွေကို သဘောကျတယ်ဆိုရင် အောက်ဖော်ပြပါ လက်သည်းနီ စတိုင်တွေကို ဆိုးနိုင်ပါတယ်။

လက်သည်းအရောင်ထက် တစ်ဆင့် ဖျော့တဲ့ အရောင်လေးက သဘာဝကျကာ ချစ်ဖို့ကောင်းပါတယ်။

အညိုအဖျော့ဘက် သွားတဲ့စတိုင်က သင့်လက်ကလေးကို ပိုဖြူသွားစေနိုင်ပါတယ်။

ပန်းရောင် အပုတ်လေးကိုမှ ပန်းပွင့်လေး ထည့်ထားတာက ရိုးရိုးရှင်းရှင်းလေးနဲ့ လှပါတယ်။

ပန်းရောင်အဖျော့လေးကိုမှ Glitter တွေ ပေါင်းဆိုးတာကြောင့် ရိုးရိုးဆန်းဆန်းလေး ဖြစ်နေမှာပါ။

အသားအရောင်ကို တစ်ဆင့်လင်းသွားစေမယ့် ပန်းလိမ္မော် အရောင်လေး ဖြစ်ပါတယ်။

အညိုပုတ်ရောင်လေးက အထက်တန်းဆန်ဆန် Classic Style လေးကို ပိုင်ဆိုင်စေပါလိမ့်မယ်။

အညို ခရမ်းရောင် အရောင်ဆန်းဆန်းလေး ဆိုးချင်သူတွေ အကြိုက်တွေ့မယ့် လက်သည်းနီ စတိုင် ဖြစ်ပါတယ်။

ပုလဲလေးတွေပါ ရောခြယ်ရမယ့် Gel လက်သည်း စတိုင် ဖြစ်ပါတယ်။

ခရမ်းနဲ့ အသားအရောင် တွဲထားတဲ့ အတွဲအစပ်လေး ဖြစ်ပါတယ်။

အနီရောင်လေးကိုမှ ကိုက်စားချင်စရာ အသီးအရောင်လေး ဖြစ်ပါတယ်။

Glitter လေးကော အရောင်တောက်တာလေးပါ ပါတဲ့ ရိုးရိုးရှင်းရှင်း စတိုင်လေး

Fairy Like Nail Design လေး နှစ်သက်ရင် ဒီ လက်သည်းနီ ဒီဇိုင်းလေး ဆိုးနိုင်ပါတယ်။

Photo Source: Pinterest
By MyStyle Myanmar