အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လူငယ်ကောင်မလေးတွေကို ရည်ရွယ်ပြီး ပါးပါးလျလျနဲ့ သဘာဝကျနေစေမယ့် မိတ်ကပ်လိမ်းခြယ်နည်းကို မျှဝေပေးချင်ပါတယ်။

မိတ်ကပ်သားအရမ်းလည်းမထူ၊ မျက်လုံးမှာလည်း Eyeshadow တွေအများကြီးမခြယ်ဘဲ သဘာဝကျကျလေးနဲ့ လှနေစေဖို့ အခုပဲ ဘယ်လိုလိမ်းရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ မိတ်ကပ်မလိမ်းခင်

မိတ်ကပ်မလိမ်းခင် မျက်နှာကို သေချာသစ်ပေးပါ။ ပြီးရင်တော့ တိုနာလေးနဲ့ သန့်စင်ပေးပြီး Moisturizer လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ Primer လိမ်းပေးလိုက်ပါနော်။

၂။ BB ခရင်မ်လိမ်းမယ်

ပြီးရင်တော့ မိတ်ကပ်အောက်ခံအနေနဲ့ BB Cream ခပ်ပါးပါးလေး လိမ်းပေးပါ။ အဲဒီနောက် သင့်ရဲ့ လက်ချောင်း (သို့) Brush လေးနဲ့ သေချာလေး Blend လုပ်ပေးလိုက်ပါနော်။

၃။ Concealer လိမ်းမယ်

မျက်ကွင်းညိုနေတာတွေ၊ ဝက်ခြံအမာရွတ်တွေကို ဖုံးကွယ်ထားနိုင်ဖို့အတွက် Concealer လေးကို လိမ်းပေးလိုက်ပါ။ ဖုံးချင်တဲ့နေရာမှာ ခပ်ပါးပါးလေးပဲ လိမ်းပေးရုံပါပဲ။ ပြီးရင်တော့ သေချာ Blend လုပ်ပေးလိုက်ပါနော်။

၄။ ပါးနီလိမ်းမယ်

ပြီးရင်တော့ ပန်းနုရောင်ပါးနီလေးကိုခပ်ပါးပါးလေးလိမ်းပေးလိုက်ပါ။ ပါးမို့ရဲရဲလေးက သင့်ကိုပိုပြီးဆွဲဆောင်မှုရှိစေမှာသေချာပါတယ်။

၅။ မျက်လုံးကိုခြယ်သပါ

Eyeshadow ကို မိမိကြိုက်တဲ့ အရောင် ခပ်ပါးပါးလေး လိမ်းခြယ်ပေးလိုက်ပါ။ ပြီးရင် မျက်ခုံးမွှေးနဲ့ Mascara ဆိုးပေးလိုက်ပါ။

၆။ နှုတ်ခမ်းနီ

နှုတ်ခမ်းနီ ပန်းနုရောင်လေးကို ခပ်ပါးပါးလေး ဆိုးပေးလိုက်ပါနော်။

ဒါဆိုရင်တော့ လူငယ်ဆန်ဆန်လေးနဲ့ အရမ်းလှတဲ့ကောင်လေးတစ်ယောက်ဖြစ်သွားပါပြီ။

Source: www.stylecrazy.com