နွေရာသီရောက်ရင် အရာအားလုံးပြောင်းလဲရသလိုပဲ Makeup Look တွေလည်း ပြောင်းလဲရပါတယ်။ ဒါကြောင့် နွေရာသီနဲ့လိုက်တဲ့ Natural Makeup Look တွေထဲကမှ ပေါ့ပေါ့ပါးပါးလိမ်းလို့ရမယ့် Makeup Look တစ်ခုကို ဝေမျှပေးချင်ပါတယ်။

STEP 1 – BB Cream

ရာသီဥတုအရမ်းပူတာမလို့ မျက်နှာပေါ်မှာ မိတ်ကပ်အများကြီးမလိမ်းဘဲ Foundation အစား BB Cream လိမ်းပါ။

STEP 2 – Concealer

မျက်လုံးအောက်က အသားအရေနဲ့ တခြားဖုံးချင်တဲ့နေရာတွေကို Concealer လိမ်းပေးပါ။ လိမ်းတဲ့အခါ မိတ်ကပ် Sponge နဲ့ လိမ်းပေးပေါ။ သင့်မျက်နှာမှာ အမဲစက်တွေ ၊ ဖုံးချင်တာမျိုးမရှိဘူးဆိုရင်တော့ ဒီအဆင့်ကို ကျော်လို့ရပါတယ်။

STEP 3 – Eyeshadow

နွေရာသီနဲ့ လိုက်ဖက်တဲ့ စိတ်ကြိုက်အရောင်ရွေးပြီးရင် သန့်ရှင်းတဲ့ Brush နဲ့ မျက်ခွံပေါ်ကို ခြယ်လိုက်ပါ။ဒီနွေရာသီမှာ သုံးနေကျ Eyeshadow တွေထက် ဒီလို Eyeshadow အရည်တွေက ပိုအဆင်ပြေမယ်ထင်ပါတယ်။

STEP 4 –Blushers

နေရောင်အောက်မှာ သဘာဝအတိုင်း ပန်းရောင်သန်းနေတဲ့ ပါးမို့မို့လေးဖြစ်နေအောင် ပန်းရောင်ပါးနီခြယ်ပေးပါ။

STEP 5 – Highlighter

Shimmer ကိုကြိုက်တယ်ဆိုရင် Highlighter ကို မဖြစ်မနေလိမ်းပေးပါ။ လိမ်းတဲ့အခါ Brush လေးနဲ့ ပါးရိုးပေါ်မှာ ပါးပါးလေးလိမ်းပေးပါ။ အရမ်းများသွားရင် သဘာဝမကျတော့ပါဘူး။

STEP 6 – Mascara

တောက်ပတဲ့မျက်လုံးလေးဖြစ်နေအောင် Mascara ခြယ်ပေးပါ။

STEP 7 – Lipstick

နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းနီလေးဆိုးလိုက်ရင်တော့ သဘာဝဆန်ပြီးလှနေတဲ့ Makeup Look ကို ရပါပြီ။