အခုလိုခေတ်ကြီးမှာ မိမိတို့ရဲ့ အသားအရေကို ထိန်းသိမ်းဖို့ဆိုတာ အလွန်ခက်ခဲလှပါတယ်။ Beauty Spa တွေ နေ့တိုင်းသွားပြီး Skin Care တွေ လုပ်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။

အခုတစ်ခေါက် ဒီဆောင်းပါးလေးကနေပြီးတော့ အလွယ်တကူဝယ်ယူလို့ရပြီး အသားအရေ ကျန်းမာရေးအတွက် နေ့စဉ်သောက်သင့်တဲ့ ဖျော်ရည်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အခုဖော်ပြပေးမဲ့ ဖျော်ရည်တွေကို အိမ်မှာ ဈေးသက်သက်သာသာနဲ့ ကိုယ်တိုင်စိတ်တိုင်းကြ ဖျော်သောက်လို့ရပါတယ်။

(၁) သကြားမုန်လာ ဖျော်ရည်

သကြားမုန်လာမှာပါတဲ့ nitrates က ဦးနှောက်အရှေ့ပိုင်းကို သွေးပို့လွတ်ခြင်းကို အထောက်အကူပြုတဲ့အတွက်ကြောင့် စိတ်ဖောက်ပြန်ခြင်းနဲ့ အသက်အရွယ်ကြီးရင်လာခြင်းကြောင့် အမြင်အာရုံ ကျဆင်းလာခြင်းတို့မှ ကာကွယ်ပေးပါတယ်။

(၂) ဗာဒံစေ့မှရသောနို့ရည် နှင့် ငှက်ပျော်သီး၊ထောက်ပက်သီး ရောနှောထားသောဖျော်ရည်

ဗာဒံံစေ့ ကနေရတဲ့နို့ရည်မှာ ဗီတာမင် A၊ D နဲ့ E တို့ ပါဝင်တာကြောင့် အသားအရေ အလွန်ကောင်းပါတယ်။ Calcium နဲ့ ပရိုတင်းတွေပါ ပါဝင်တာကြောင့် ခြေသည်းလက်သည်းနဲ့ ဆံပင်တွေကို သန်မာစေပါတယ်။

ထောပက်သီးကတော့ အသားအရေကို ဝင်းပစေတဲ့ အဆီဓာတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ ငှက်ပျော်သီးမှာက ဗီတာမင် A၊ B နဲ့ E တို့ ပါဝင်တာကြောင့် အသားအရေအတွက် အလွန်ကောင်းပါတယ်။

(၃) ရှောက်ခါးသီး ဖျော်ရည်

ရှောက်ခါးသီးမှာ ဗီတာမင်စီ ကြွယ်ဝတဲ့အတွက်ကြောင့် အသားအရေ တွန့်သွားတာကို လျှော့ချပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်။ ပြီးတော့ အသားအရေ ပျက်စီးသွားတာကိုလည်း ပြန်လည် ပြုပြင်ပေးပါတယ်။

(၄) အုန်းရည်

အုန်းရည်မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ သတ္တုဓာက်နဲ့ electrolytes များစွာပါဝင်ပါတယ်။ဒါတွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှု နဲ့ စားလိုက်တဲ့အစားအစာတွေကနေ ရရှိတဲ့ အာဟာရဓာတ်တွေကို ဖြန့်ဝေပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။

(၅) ရှားစောင်းလက်ပတ်ဖျော်ရည်

ရှားစောင်းလက်ပတ်ကို လူတွေ တော်တော်များများက အသားအရေအတွက် သုံးကြပါတယ်။ ရှားစောင်းလက်ပတ် ဖျော်ရည်မှာလည်း အရေပြားပြန်လည် ဖွံ့ဖြိုးစေတဲ့ antioxidants ပါဝင်တဲ့အတွက် အသားအရေအတွက် သောက်သင့်တဲ့ ဖျော်ရည်ထဲမှာပါပါတယ်။