ပါးရေတွန့်ခြင်းနှင့် အရေးအကြောင်းကင်းစင်ကာ အိုမင်းရင့်ရော်မှုကင်းဝေးတဲ့ အသားအရေမျိုးကို မိန်းကလေးတွေတင်မဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်း ပိုင်ဆိုင်ချင်ကြပါတယ်။

အရေးအကြောင်းကင်းစင်ကာ နုပျိုစိုပြေတဲ့အသားအရေကို ပိုင်ဆိုင်ချင်တဲ့သူများအတွက် သတင်းကောင်းလေး ပါးချင်ပါတယ်။

အသားအရေ နုပျိုဖို့အတွက် ဈေးကြီးတဲ့ အလှကုန်ပစ္စည်းများ၊ အသားအရေ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်စရာမလိုဘဲ ဈေးသက်သာတဲ့ သဘာဝပစ္စည်းများဖြင့်သာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်းပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အကွင်းလိုက် ပါးပါးလှီးပြီး မိနစ် ၂၀ ခန့် မျက်နှာပေါ်တွင် ကပ်ထားလိုက်ပါ။ တစ်ပတ် တစ်ကြိမ်ခန့် ပေါင်းတင်ပေးပါက အသားအရေက စိုပြေနုပျိုပြီး ရောင်ရမ်းခြင်းမှလည်း လျော့ချပေးနိုင်ပါတယ်။

အာလူး

အာလူးသည် ငယ်ရွယ်နုပျိုမှုကို ဆောင်ကျဉ်းပေးနိုင်ပြီး အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အာလူးဖြင့် ပေါင်းတင်ခြင်းကို တစ်ရက်လျှင် ၁၅ မိနစ်ခန့် နေ့စဉ်နေ့တိုင်း ပေါင်းတင်ပေးလိုက်ပါ။

အာလူးအကွင်းဖြင့် ပေါင်းတင်နိုင်သလို အာလူးအရည်ဖြင့်လည်း ပေါင်းတင်ပေးနိုင်ပါတယ်။

သံပုရာသီး

ဝက်ခြံနှင့် အမဲစက်များကို ဖယ်ရှားပေးပြီး အသားအရေကို ဖြူဖွေးဝင်းပစေတဲ့ သဘာဝပစ္စည်းလေးကတော့ သံပုရာသီးပဲဖြစ်ပါတယ်။ သံပုရာသီးအရည်ကို အသားအရေပေါ်တွင် ပွတ်လိမ်းကာ အသုံးပြုနိုင်သလို သံပုရာသီးအကွင်းဖြင့်လည်း ပွတ်တိုက်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်လ်ကို လိုးရှင်းအဖြစ်လည်း အသုံးပြုနိုင်သလို မျက်နှာပေါ်တွင် ၁၀ မိနစ်ခန့် ပေါင်းတင်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဖြင့် ပေါင်းတင်ခြင်းကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

သခွားသီး

သခွားသီးကို အကွင်းလိုက် ပါးပါးလှီးကာ မျက်နှာပေါ်တွင် ၁၅ မိနစ်ခန့် ကပ်ပေးလိုက်ပါ။ ရက်သတ္တပတ် တစ်ပတ်လျှင် အကြိမ်ရေများများ ပြုလုပ်ကာ ပေါင်းတင်နိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်အသားအရေသည် အိုမင်းရွတ်တွနေတော့မှာမဟုတ်ဘဲ ရေဓာတ်ပြည့်ဝပြီး နုပျိုစိုပြေနေမှာပဲဖြစ်ပါတယ်။