ကော်ဖီကြိုက်သူတွေအတွက်တော့ လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ ကော်ဖီပူပူနွေးနွေးလေးတစ်ခွက်က မနက်ခင်းတစ်ခုကိုအစပြုဖို့အတွက် အကောင်းဆုံးအဖော်မွန်ပါ။ နောက်ပြီး တစ်နေ့တာလုံးမှာလည်း ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေဖို့အတွက်လည်း တစ်ခွက်တစ်လေလောက်တော့ သောက်လိုက်ရမှပါ။ အခုလို မိတ်ကပ် ရေပန်းစားနေတဲ့ခေတ်ကြီးထဲမှာဆိုရင် ကဖိန်းကို ထည့်သွင်းအသုံးပြုလာကြပါတယ်။

ဈေးကြီးပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း သဘာဝအတိုင်းပြုလုပ်ရတဲ့ နည်းလမ်းတွေလောက် မကောင်းဘူးလို့ထင်တဲ့ ပျိုမေလေးများအတွက် ဝယ်ရလွယ်ကူပြီး လုပ်ရတာလည်းလက်မဝင်မယ့် ကော်ဖီမှုန့်နဲ့ ဘယ်လိုမျိုး အလှအပထိန်းသိမ်းကြမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

1. Exfoliating mask

လိုအပ်သည့်ပစ္စည်းများ

  • ကော်ဖီမှုန့် တစ်ခွက် (၁၅၀ ဂရမ်)
  • သကြားအညို တစ်ခွက် (၂၀၀ ဂရမ်)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း (၄၈ ဂရမ်)
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း (၅၀ ဂရမ်)

အသုံးပြုပုံ

ပါဝင်ပစ္စည်းအကုန်လုံးကို ဘူးတစ်ခုထဲမှာရောပါ။ အရမ်းကြီးမပျစ်ပါစေနဲ့။ မျက်နှာပေါ်မှာလိမ်းလို့အဆင်ပြေစေဖို့အတွက် ပေါ့ပေါ့ပါးပါးဖြစ်ဖို့ လိုအပ်ပါတယ်။ မျက်နှာနဲ့လည်ပင်းတစ်ဝိုက်ကို လိမ်းပြီးပြီဆိုရင် ခြောက်သွားတဲ့အထိထားကာ ရေနွေးနွေးလေးနဲ့သန့်စင်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

2. Lip scrub

လိုအပ်သည့်ပစ္စည်းများ

  • ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အသုံးပြုပုံ

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ခွက် သို့မဟုတ် ပန်းကန်လုံးတစ်ခုထဲထည့်ပေါင်းပါ။ ပြီးရင် ပျစ်ပျစ်လေးဖြစ်တဲ့အထိ မွှေပေးပါ။ အနှစ်ပျစ်သွားပြီဆိုရင် နှုတ်ခမ်းမှာလိမ်းပေးပြီး လက်ချောင်းကိုအသုံးပြုကာ ဖြည်းဖြည်းချင်းလိုက်ပွတ်ပေးပါ။ တစ်ပတ်လျှင် ၃ ကြိမ်လောက်လုပ်ပေးနိုင်ပြီး ရေနဲ့သန့်စင်ပြီးရင် ကိုယ်နှစ်သက်ရာ Moisturizing Balm ကို လိမ်းပေးနိုင်ပါတယ်။

3. ခေါင်းလျှော်ရည်

လိုအပ်သည့်ပစ္စည်းများ

  • Neutral shampoo
  • ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ရေ တစ်ခွက်

အသုံးပြုပုံ

Components တွေအများကြီးမပါဝင်တဲ့ Neutral shampoo ကို အသုံးပြုပါ။ ရေကိုနည်းနည်းအပူပေးပြီး ပွက်တဲ့အထိထားစရာမလိုပါဘူး။ ပူလာပြီဆိုရင် ခဏအအေးခံပြီး ကော်ဖီနဲ့ရောပါ။ သေချာနှံ့အောင်လို့မွှေပေးပြီး ကတော့ကိုသုံးကာ ခေါင်းလျှော်ရည်ဘူးထဲလောင်းထည့်ပါ။ အဖုံးအုပ်ပြီး သေချာလှုပ်ခါ၍ ၂ နာရီနှပ်ထားပြီးရင် အသုံးပြုနိုင်ပါတယ်။ ပုံမှန်ခေါင်းလျှော်ရည်ကိုအသုံးပြုသလိုပဲ သုံးနိုင်ပြီးတော့ ဦးရေပြားကိုလည်း နှိပ်နယ်ပေးပါ။ ငါးမိနစ်ခဏထားပြီး သေချာခေါင်းလျှော်ပေးပါ။ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

4. မျက်ကွင်းညိုတာတွေအတွက်

လိုအပ်သည့်ပစ္စည်းများ

  • သကြားမပါတဲ့ Concentrated ဘလက်ကော်ဖီ 1/4 cup
  • အာလူးခြမ်း ၂ ခြမ်း

အသုံးပြုပုံ

အာလူခြမ်း ၂ ခြမ်းကို အအေးခံထားတဲ့ ဘလက်ကော်ဖီခွက်ထဲမှာစိမ်လိုက်ပါ။ ၂ မိနစ်ထားပြီးပါက ထုတ်ပြီးခဏဖယ်ထားပါ။ ကော်ဖီထဲနှစ်ထားတဲ့ အာလူးခြမ်းတွေကို မျက်လုံးပေါ်တင်လိုက်ပြီး မိနစ် ၂၀ ထားပါ။

5. Body scrub

လိုအပ်သည့်ပစ္စည်းများ

  • ကော်ဖီမှုန့် – လက်ဖက်ရည်ဇွန်း ၅ ဇွန်း
  • ဂျုံစပါးအဆီ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • Plastic wrap

အသုံးပြုပုံ

ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်လုံးတစ်ခုထဲမှာရောပြီးတော့ ရလာတဲ့အနှစ်ကို ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်က ပြဿနာဖြစ်နေတယ်လို့ယူဆရတဲ့နေရာတွေ (ပေါင်၊ လက်၊ တင်ပါး၊ ဗိုက်) မှာ လိုက်ပြီးလိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ လောက် အစားအသောက်တွေပေါ်မှာအုပ်တဲ့ ပလတ်စတစ်အပါးနဲ့အုပ်ထားပေးပါ။ အချိန်ပြည့်ပါက ပလတ်စတစ်ကိုဖယ်လိုက်ပြီး ငါးမိနစ်လောက်လိုက်ပြီး နှိပ်နယ်ပေးပါ။ ထို့နောက် ရေနွေးနွေးလေးနဲ့သန့်စင်ပေးပါ။ ဒီနည်းကိုတော့ တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

Source: BrightSide