မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီတစ်ခေါက်မှာတော့ အသားအရေတိုင်းနဲ့ လိုက်ဖက်တဲ့ သဘာဝပစ္စည်းတွေပါဝင်တဲ့ တိုနာတစ်မျိုး အကြောင်းပြောပြချင်ပါတယ်။ ဒီတိုနာကိုတော့ အသားအရေအမျိုးအစားတိုင်းအတွက် အသုံးပြုနိုင်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့-

၁။ ရေတစ်ခွက်

၂။ သံပယိုသီးတစ်လုံးရဲ့ အခွံ

 

၃။ နှင်းဆီရည်တစ်ဇွန်း

 

ပြုလုပ်ပုံ-

အိုးတစ်အိုးထဲမှာ ရေတစ်ခွက်နဲ့သံပယိုသီးအခွံကို ထည့်လိုက်ပါ။

ဒါကို မီးပြင်းပြင်းနဲ့ ၆ မိနစ်လောက်ပြုတ်လိုက်ပါ။ ပြီးတော့အအေးခံပါ။

အေးသွားတဲ့အချိန်ကျရင် ပုလင်းတစ်ပုလင်းထဲမှာ အရည်စစ်ပေးပါ။ ပြီးနောက် ဒီအရည်ထဲ နှင်းဆီရည်တစ်ဇွန်းထည့်ပေးပါ။

သေချာရှိုတ်ပေးပြီး တိုနာကို သုံးနိုင်ပါပြီ။

ဝါဂွမ်းနဲ့ ယူပြီး မျက်နှာမှာ လိမ်းနိုင်ပါတယ်။

ဒီတိုနာကို ပုံမှန်သုံးပေးနိုင်ပါတယ်။

သံပယိုသီးအခွံက အရေပြားပြဿနာတွေဖြစ်တဲ့ အမည်းစက်၊ ဝက်ခြံနဲ့ အသားညိုတာ၊ အရေးအကြောင်းတွေကို တိုက်ထုတ်ပေးပါတယ်။ ပြီးတော့ အရေပြားအဆိပ်အတောက်ပြယ်စေတဲ့ အာနိသင်လည်းပါဝင်ပါတယ်။

နှင်းဆီရည်ကတော့ အရေပြားနီတာပျောက်စေတဲ့ အာနိသင်အပြင် ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေပါတယ်။ အဆီအပိုတွေနဲ့ ချွေးပေါက်ကိုလည်း သန့်စင်ပေးပါတယ်။

Source: Glowpink.com

By MyStyle Myanmar