အလှကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးစရာမလိုပဲ ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်စေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ နှုတ်ခမ်းသားမဲလို့ စိတ်ညစ်နေရတဲ့သူတွေဆိုလည်း ဒီနည်းလမ်းတွေကို လုပ်လို့ရပါတယ်။ နှုတ်ခမ်းမဲတာကိုလည်း သက်သာစေပြီး နှုတ်ခမ်းက light ဖြစ်လာစေပါတယ်။ ပုံမှန်လုပ်ပေးရင် နှုတ်ခမ်းသား ပန်းရောင်သမ်းလာပြီး နှုတ်ခမ်းကွဲတာ၊ ခြောက်တာကို သက်သာစေပါတယ်။ နှုတ်ခမ်းသားနူးညံ့လာစေပါတယ်။

ပျားရည်

အလွယ်ကူဆုံးနည်းလမ်းကတော့ ပျားရည်နဲ့လုပ်ရတာပါပဲ။ လုပ်ရမယ့်နည်းလမ်းကတော့ ညအိပ်ယာဝင်ခါနီးရင် ပျားရည်ကို နှုတ်ခမ်းမှာလိမ်းပြီး အိပ်ရမှာပါ။ မနက်ရောက်မှ ရေခဲရေနဲ့ သန့်စင်ပေးရမှာပါ။ နေ့လည်ရောက်ရင် တစ်ကြိမ်ထပ်လုပ်ပေးပါ။ နာရီကြာကြာထားပြီး ရေခဲရေနဲ့ ပြန်သန့်စင်ပါ။ တစ်နေ့မှာ ၂ ကြိမ် လုပ်ပေးရင် ရပါပြီ။

နနွင်းမှုန့်နဲ့နွားနို့

နနွင်းမှုန့်နဲ့နွားနို့ကို ပျစ်ပျစ်လေးဖြစ်အောင်ရောမွှေပြီး နှုတ်ခမ်းသားကိုပွတ်ပေးပါ။ ပြီးရင်တော့ ၅ မိနစ်ထားပြီး ရေခဲရေနဲ့ ပြန်သန့်စင်လိုက်ပါ။ ပြီးရင်တော့ lip balm ဆိုးပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ ညအိပ်ယာဝင်ခါနီးတိုင်းမှာ petroleum jelly ကိုလိမ်းပြီး အိပ်ပေးပါ။

Aloe vera gel mask

ရှားစောင်းလက်ပတ်အထဲကအသားကို ဇွန်းနဲ့ခြစ်ယူပြီး oil တစ်ခုခုနဲ့ ရောခလောက်ပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ထားပါ။ ညအိပ်ယာဝင်ခါနီးမှ နှုတ်ခမ်းသားကို massage လုပ်ပြီး ရေခဲသေတ္တာထဲထည့်ထားတဲ့ ရှားစောင်းလက်ပတ်တွေကို နှုတ်ခမ်းပေါ်တင်ထားပေးပါ။ တစ်ညထားပြီး မနက်ရောက်မှ ရေခဲရေနဲ့သန့်စင်ပေးပါ။

Lemon sugar scrub

သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သကြား၊ ရေတို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး နှုတ်ခမ်းသားမှာ ပွတ်ပေးပါ။ ပြီးရင်တော့ မိနစ်အနည်းငယ်လောက်ထားပြီး ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။ ရေခြောက်သွားရင် petroleum jelly (သို့) lip mask ကို လိမ်းထားပေးပါ။ ညအိပ်ယာဝင်ခါနီးတိုင်း လုပ်ပေးရမှာဖြစ်ပါတယ်။

ရေများများသောက်ပါ

နှုတ်ခမ်းမဲတာသက်သာချင်ရင်၊ နှုတ်ခမ်းသားပန်းရောင်သမ်းချင်ရင် treatment တွေဘယ်လောက်လုပ်လုပ် ရေသောက်နည်းရင် မထူးပါဘူး။ ဒါကြောင့် ရေများများသောက်ပေးဖို့လည်း လိုပါသေးတယ်။