ယနေ့ခေတ် ပျိုမေလေးတွေကြား ခေတ်စားနေတဲ့စကားစုလေးတစ်ခုကတော့ Glowing Skin ဆိုတဲ့ ကြည်တောက်စိုပြေတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်လိုက်တာ ဆိုတဲ့စကားစုကို အမြဲလိုလိုကြားမိကြမှာပါ။ အသားအရေလေး သဘာဝအတိုင်း Glow ဖို့အတွက် အလှကုန်ပစ္စည်းတွေလည်း သုံးတာစုံနေပြီး ဘာမှထူးမခြားလာဘူးဆိုရင်တော့ ကိုယ့်အသားအရေနဲ့ သုံးတဲ့ အလှကုန်ပစ္စည်းက မတည့်လို့၊ ဒါမှမဟုတ် မိမိအသုံးပြုနေတဲ့ပုံစံ မှားယွင်းနေလို့ပဲဖြစ်ပါတယ်။

ငွေကုန်ကြေးကျမများဘဲ သဘာဝအတိုင်း အသားအရေလေး Glow နိုင်မယ့် နည်းလမ်းလေးတွေ ရှိတယ်ဆိုရင်ရော စိတ်မဝင်စားကြဘူးလား။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

သံပုယိုသီး

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် မျက်နှာပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ရေနွေးနွေးလေးဖြင့် မျက်နှာသစ်ပြီးတဲ့နောက်မှာတော့ ပုံမှန်အသားအရေထက် ဝင်းပကြည်လင်တဲ့ အသားအရေအဖြစ် ပြောင်းလဲသွားတာကို မျက်ဝါးထင်ထင်တွေ့မြင်ရပါလိမ့်မယ်။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ် ၂ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

အုန်းဆီ

အုန်းဆီကတော့ အိမ်တိုင်း အိမ်တိုင်းမှာရှိတဲ့ သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ အုန်းဆီစစ်စစ်ကို နွေးနွေးလေးဖြစ်သွားအောင်လို့ အပူပေးလိုက်ပါ။ ပြီးရင်တော့ မျက်နှာနဲ့ လည်ပင်းပေါ်မှာ လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ခန့် စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ညင်သာစွာနှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် တစ်ညတာခန့် အိပ်စက်အနားယူပြီး မနက်ရောက်မှ မျက်နှာသစ်ပေးလိုက်ပါ။  ဒီနည်းလမ်းကို ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်းတစ်ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် နနွင်းမှုန့် အနည်းငယ်တို့ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာနဲ့ လည်ပင်းပေါ်မှာ လိမ်းပေးပြီးနောက် မိနစ် ၂၀ ခန့် ထားထားလိုက်ပါ။ ပြီးမှ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ဒီနည်းလမ်း (၃) မျိုးထဲက မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို တစ်စိုက်မတ်မတ်အသုံးပြုပေးမယ်ဆိုရင်တော့ သဘာဝအတိုင်း Glow တဲ့ အသားအရေပိုင်ရှင်ဖြစ်လာမှာ အသေအချာပါပဲ့နော်။

Source: Stylecraze.com