လူတိုင်းလိုလို တစ်သက်မှာ တစ်ခါ ဆံပင်ကျွတ်တာ ကြုံဖူးကြမှာပါ။ ဆံကေသာကို ဂရုစိုက်ရတာက အသားအရေကို ဂရုစိုက်ရသလိုပါပဲ။ မျိုးရိုးဗီဇ၊ ဟော်မုန်းမညီမျှမှု၊ စိတ်ဖိစီးမှု စတာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် ဒီလိုဆံပင်ကျွတ်တာကို ရပ်တန့်နိုင်ဖို့နဲ့ သဘာဝအတိုင်းပြန်ပေါက်ဖို့ ထိရောက်မှုရှိတဲ့ သဘာဝကုထုံးတွေရှိပါတယ်။

Aloe Vera

ရှားစောင်းလက်ပတ်ဂျယ်မှာ ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဦးရေပြားနဲ့ ဆံပင်ပေါ် လိမ်းပြီး မိနစ် 30 ခန့်ထားလိုက်ပါ။ ပြီးမှ ရေဆေးချပါ။

Coconut Oil

အုန်းဆီမှာ Lauric acid လို့ခေါ်တဲ့ ဖက်တီးအက်ဆစ်တွေပါ၀င်ပြီး ဆံပင်ရဲ့အတွင်းပိုင်းကို ထိုးဖောက်ဝင်ရောက်ပြီး ဆံပင်ရဲ့ ပရိုတင်းဓာတ်ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပါတယ်။ အုန်းဆီကို ဦးရေပြားနဲ့ ဆံပင်အားလုံးကို နှိပ်နယ်ပေးပါ။

Fish Oil

အိုမီဂါဖက်တီးအက်ဆစ်ကို စားတာက အာဟာရဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပြည့်ဝနေတာကြောင့် ဆံကေသာကို အတွင်းပိုင်းကနေ တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါသလို ဆံပင်ကျွတ်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ကြက်သွန်နီဖျော်ရည်

ကြက်သွန်နီဖျော်ရည်ရဲ့ အနံ့ကို ခံနိုင်ရင် သူ့ရဲ့အကျိုးကျေးဇူးတွေက တကယ်အံ့မခန်းပါပဲ။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်မွေးညင်းပေါက်များရဲ့ကြီးထွားမှုကိုပံ့ပိုးပေးပါတယ်။ ကြက်သွန်နီကို အရည်ညှစ်ထုတ်ပါ။ ဦးရေပြားနဲ့ ဆံပင်ကို လိမ်းပြီး အနည်းဆုံး 15 မိနစ်လောက်ထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

Rosemary Oil

Rosemary Oil ဟာ ဆံပင်ကျွတ်တာကို လျှော့ချဖို့နဲ့ ဆံပင်သန်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ အဆီတစ်မျိုးပါ။ ရိုစမာရီဆီ အနည်းငယ်ကို Argan Oil or Jojoba Oil တို့နဲ့ရောပြီး ကယ်ရီယာဆီအဖြစ် ရောပြီး ခေါင်းမလျှော်မီ ဆံပင်နဲ့ဦးရေပြားကို လိမ်းပြီးနှိပ်နယ်ပေးပါ။ တစ်ပတ်ကို အကြိမ်အနည်းငယ် လုပ်နိုင်ပါတယ်။

သံပယိုသီး

သံပယိုဆီဟာ ဦးရေပြားကို ကျန်းမာသန်စွမ်းစေပြီး ဆံပင်သန်စေဖို့ ကူညီပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင် 15 မိနစ်အလိုမှာ လတ်ဆတ်တဲ့ သံပုရာရည်ကို ဦးရေပြားနဲ့ ဆံပင်ကို လိမ်းပေးပါ။ ပြီးမှ ရေဆေးချပါ။