နွေရာသီမှာ ဆံသားခြောက်သွေ့ပြီး ဖွာတာတွေက အရမ်းဖြစ်ပါတယ်။ ဦးရေပြား အဆီပြန်လွန်းတဲ့သူကျတော့လည်း ဆံပင်ကစေးကပ်ပြီး မလှတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေကိုလည်း ဖြေရှင်းပြီးသားဖြစ်အောင် နွေရာသီမှာ ဆံသားတောက်ပြောင်ပြီး လှနေစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Green Tea

Green Tea က ဆံသားတောက်ပြောင်စေဖို့ ကူညီပေးမယ့်အရာတစ်ခု ဖြစ်ပါတယ်။ Green Tea Bag ကို ရေနွေးစိမ်ပြီး အေးသွားပြီဆိုရင် ရေလောင်းသလို ခေါင်းကိုလောင်းချပြီး ရေစစ် ၊ ပြီးရင် ၁၅ မိနစ်ကြာမှ ခေါင်းလျှော်ချပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်ပုံမှန်လုပ်ပေးရင် ဆံသားတောက်ပြောင်လာမှာပါ။

Argan Oil Treatment

Argan Oil ကို ဆံပင်အနှံ့လိမ်းပေးပြီး ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ ၁၀ မိနစ်လောက် Massage လုပ် နှိပ်နယ်ပေးပါ။ ပြီးရင် တစ်နာရီထားပြီး ခေါင်းလျှော်လို့လည်းရသလို တစ်ညထားပြီးတော့မှ ခေါင်းလျှော်လည်း ရပါတယ်။ တစ်ပတ်ကို ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန်လုပ်ပေးရင် ဆံသားတောက်ပြောင်ပြီး လှပနေမှာပါ။ ဦးရေပြား အရမ်းအဆီပြန်တဲ့သူဆိုရင်တော့ ဒီနည်းလမ်းကို မလုပ်ပါနဲ့။

ကြက်ဥ

ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ကိုဖယ်ထုတ်ပါ။ အကာအရည်ကိုပဲ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် ဆံသားအနှံ့လိမ်းပြီး တစ်နာရီထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ပေးပါ။

ဘီယာ

ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ အရင်လျှော်ပေးပါ။ ပြီးမှ ဘီယာနဲ့ ခေါင်းကိုလောင်းချပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်မှ ခေါင်းပြန်လျှော်ပေးပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဆံသားတောက်ပြောင်ပြီး ဆံပင်ပျက်စီးတာလည်း သက်သာစေပါတယ်။

Warm Almond Oil

Almond Oil – စားပွဲတင်ဇွန်း ၁ ဇွန်းကို အပူပေးပြီး နွေးနွေးလေးဖြစ်လာပြီဆိုရင် ဆံသားကိုလိမ်းပေးပြီး ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် တစ်နာရီထားပြီးမှ ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပါ။ တစ်ပတ်မှာ ၂ ကြိမ်လောက် ပုံမှန်လုပ်ပေးရင် ဆံသားတောင်ပြောင်ပြီး လှပနေမှာဖြစ်သလို ပျက်စီးနေတဲ့ ဆံသားတွေလည်း သက်သာလာမှာပါ။