နောက်ပိုင်းမှာ full makeup look တွေပြင်တာထက် natural look လေးတွေပြင်တာက ပိုခေတ်စားလာသလို၊ ပိုပြီးတော့လည်း လှပါတယ်။ ရုပ်ပိုနုသွားစေပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်းသဘောကျမယ့် natural glowing makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

Glow makeup look လိုချင်ရင် မိတ်ကပ်မလိမ်းခင်မှာ skincare သေချာလိမ်းပေးဖို့ မမေ့ပါနဲ့။

Skincare လိမ်းပြီးရင် primer လိမ်းပါမယ်။

မျက်ကွင်းညိုတဲ့နေရာကို concealer နဲ့ဖုံးပါမယ်။ အမဲစက်၊ ဝက်ခြံရှိရင်လည်း concealer နဲ့ပဲ ဖုံးပါမယ်။

ကိုယ်လိမ်းမယ့် foundation ကို foundation brush (သို့) makeup sponge နဲ့ လိမ်းပေးပါ။ Foundation က glow တဲ့ foundation ဆိုရင် ပိုကောင်းပါတယ်။ Highlighter ထပ်သုံးစရာတောင် မလိုတော့ဘူးပေါ့။

ပါးနီကို ဒီမှာတော့ နှုတ်ခမ်းနီပဲသုံးပြီး ခြယ်ပါမယ်။ အညိုဘက်သွားတဲ့ နှုတ်ခမ်းနီလေးကို ရွေးသုံးပါမယ်။

ပါးနီခြယ်ပြီးတော့မှ bronzer powder နဲ့ ပါးရိုးနေရာ၊ မေးရိုးနေရာတွေကို နည်းနည်းခြယ်ပါမယ်။ နှာတံဖော်ပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် brush နဲ့ဖြီးဖို့ လုံးဝမမေ့ပါနဲ့။ ပြီးရင် eyebrow gel နဲ့ ဖြီးပေးပါ။

အသားရောင်ဘက်သွားတဲ့ eyeshadow ကို မျက်ခွံပေါ်ခြယ်ပါမယ်။

ချောကလက်အရောင် eyeshadow ကို မျက်ခွံဘေးနေရာလေးမှာ ခြယ်ပါမယ်။

မျက်လုံးအောက်နားကိုလည်း ပုံမှာပြထားတဲ့အတိုင်း နည်းနည်းခြယ်ပါမယ်။

အားလုံးပြီးရင်တော့ ခြယ်ထားတဲ့ eyeshadow ကို brush နဲ့ blend လုပ်ပေးပါ။

ရွှေရောင် glitter eyeshadow ကို မျက်လုံးအရှေ့ထောင့်လေးနဲ့ မျက်ခွံကို နည်းနည်းခြယ်ပေးပါ။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပါမယ်။

နှုတ်ခမ်းနီကိုလည်း အညိုဖောက်တဲ့အရောင်လေးပဲ ဆိုးပါမယ်။

နောက်ဆုံးမှာတော့ setting spray ဖြန်းပါမယ်။

ဒါဆိုရင်တော့ မိန်းကလေးတိုင်းသဘောကျမယ့် natural glowing makeup look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။