မျက်နှာအသားအရေက အရမ်းအဆီပြန်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် အဆီပြန်တာ သက်သာစေတဲ့ သဘာဝ မျက်နှာပေါင်းတင်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ငွေအကုန်အကျလည်း သက်သာပြီး အိမ်မှာအေးဆေးလုပ်လို့ရတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် အသုံးဝင်မှာသေချာပါတယ်။ ပေါင်းတင်နည်းတွေက တစ်မျိုးထဲမဟုတ်တာကြောင့် ကိုယ်အဆင်ပြေတာကို ရွေးလုပ်နိုင်တဲ့အတွက် ပိုပြီးအဆင်ပြေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ပင်ရဲ့ အတွင်းသားဂျယ်လ်ကို ခြစ်ယူပြီး ချေပေးပါ။ ပြီးရင် အုန်းဆီ လက်ဖက်ရှည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး မျက်နှာမှာလိမ်းပေးပါ။ မိနစ် ၂၀ ကြာမှ မျက်နှာသေချာသစ်ပေးပါ။ မျက်နှာသစ်ဆေးနဲ့သစ်ပါ။ တစ်ပတ်မှာ ၃ ကြိမ် လုပ်ပေးနိုင်ပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အဆီပြန်တာသက်သာပြီး အသားအရေ ကြည်ပြီး glow လာစေပါတယ်။

သံပယိုရည်နဲ့ပျားရည်

သံပယိုသီးကို တစ်ခြမ်းခြမ်းပြီး အရည်ညှစ်ချပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး မျက်နှာမှာလိမ်းထားလိုက်ပါ။ မိနစ် ၂၀ ကြာမှ မျက်နှာသေချာသစ်ပေးပါ။ မျက်နှာမှာရှိတဲ့ အမဲစက်တွေ သက်သာလာပြီး အဆီပြန်တာလည်း သက်သာလာမယ်၊ အသားအရေလည်း ကြည်လာပါမယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အချပ်လေးတွေလှီးပြီး မျက်နှာမှာ ကပ်လည်းရပါတယ်။ အဲ့လိုမဟုတ်ပဲ ခရမ်းချဉ်သီးကို ကြိတ်ချေပြီး မျက်နှာမှာလိမ်းကာ ပေါင်းတင်ပေးရင်လည်း ရပါတယ်။ မိနစ် ၂၀ လောက်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။ မျက်နှာအသားအရေကြည်ပြီး အဆီပြန်တာလည်း သက်သာစေပါတယ်။

စန္ဒကူးအမှုန့်

စန္ဒကူးအမှုန့်ကို ပျားရည်နဲ့ ရောမွှေပြီး မျက်နှာမှာလိမ်းကာ ပေါင်းတင်ထားပေးပါ။ လိမ်းထားတာ ခြောက်သွားပြီဆိုရင် မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီပေါင်းတင်နည်းက အဆီတွေကို ဖယ်ရှားပေးပြီး အဆီပြန်တာ သက်သာစေတယ်၊ အမဲစက်တွေပါးသွားစေပါတယ်။ ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။