မျက်တောင်တို တာက ကိုယ့်အတွက် အားနည်းချက် တစ်ခု ဖြစ်နေတတ်ပါတယ်။ ကိုယ့်မျက်နှာက နဂိုတည်းက ပြစ်မျိုးမှဲ့မထင် လှနေရင်တောင် မျက်တောင်တိုတဲ့အချိန် စိတ်ညစ်စရာ ဖြစ်နေတတ်ပါတယ်။ ကိုယ့်မျိုးရိုးက မျက်တောင်တိုတယ်ဆိုရင် ကိုယ်လည်း သူတို့လို မျက်တောင်မရှည် ဖြစ်တတ်ပါတယ်။ မျက်တောင် ရှည်ဖို့ဆိုရင် Eyelash Extension လုပ်နိုင်သလို မျက်တောင် တုတပ်နိုင်ပါတယ်။

ဒီနည်းလမ်းတွေက အချိန်ကုန်နိုင်သလို ငွေကုန်ကြေးကျ များနေတတ်ပါတယ်။ မိတ်ကပ်လိမ်းနေကျ မိန်းကလေး မဟုတ်ဘူးဆိုရင် သဘာဝ ကျကျ ရှည်နေတဲ့ မျက်တောင်မှ အဆင်ပြေမှာပါ။ ဒီတော့ သဘာအတိုင်း မျက်တောင်ရှည်လာစေဖို့ ဆီမျိုးစုံကို ပေါင်းစပ်ပြီး ပြုလုပ်နည်းကို ဖော်ပြပါရစေ။

လိုအပ်တဲ့ ဆီအမျိုးအစားတွေကတော့-

၁။ Avocado Oil ထောပတ်သီးအဆီ

Photo Source: Chic Girl Online

ထောပတ်သီးအဆီက မျက်တောင်ကို ပြင်ပ ထိခိုက်မှု တွေကနေ ကာကွယ်ပေးပါတယ်။ Anti oxidant နဲ့ Vitamin E ကြွယ်ဝစွာ ပါဝင်ပါတယ်။

၂။ အုန်းဆီ

Photo Source: Pinterest

အုန်းဆီက မျက်နှာ သစ်တဲ့အချိန် မိတ်ကပ်ဖျက်တဲ့အချိန် မျက်တောင် ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ မျက်တောင် ပိုထူစေပါတယ်။

၃။ ကြက်ဆူဆီ

Photo Source: CVS

ကြက်ဆူဆီက မျက်တောင် ပိုရှည်လာဖို့ အဓိက ထောက်ပံ့ပေးမယ့် ဆီတစ်မျိုးပါ။

၄။ Vitamin E အဆီ

Photo Source: Flipkart

Vitamin E အဆီက ဆဲလ်သစ်တွေ ဖြစ်ပေါ်ရာမှာ ကူညီပေးပြီး မျက်တောင်ရှည်ခြင်းမှာ ပံ့ပိုးပေးပါတယ်။

ပါဝင်တဲ့ ဆီ လေးမျိုးလုံးက မျက်တောင်အတွက် တစ်မျိုးဆီ အာဟာရပေးတာကြောင့် မျက်တောင် ပိုရှည်လာမှာ မလွဲမသွေပါပဲ။ ဒီဆီလေးမျိုးကို ရောစပ်ပြီး ခွက်တစ်ခွက်ထဲ ထည့်ရပါမယ်။

ထည့်ပြီးနောက် မျက်တောင် အရင်းကနေ အဖျားအထိ ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးရပါမယ်။

By MyStyle Myanmar