ဆံပင်အရောင်ဆိုးတာတွေများရင်၊ ဆံသားက Chemical ထိတာတွေများရင် ဆံသားတွေ ကြေမွပြီး အရမ်းကို ပျက်စီးသွားပါတယ်။ ဆံသားအဆီဓာတ်ကုန်ဆုံးပြီး ဆံပင်ဖွာတာ၊ ရှုပ်ထွေးတာ၊ ဆံပင်ငြိတာတွေလည်း အရမ်းဖြစ်ပါတယ်။ ကိုယ့်ဆံသားက ဒီလိုမျိုးတွေဖြစ်နေပြီဆိုရင် ဒီတိုင်းမနေပါနဲ့။ အိမ်မှာ တစ်ပတ်တစ်ခါ ပေါင်းတင်ပေးပါ။ ဆံပင်ကိုသေချာဂရုစိုက်ပြီး ပေါင်းတင်ပေးရင် ဆံသားက ပြန်လည်ကောင်းမွန်လာပါတယ်။

ဒါကြောင့် ငွေအကုန်အကျလည်းသက်သာအောင်၊ အိမ်မှာပဲပေါင်းတင်လို့ရအောင် ဆံပင်အရောင်ဆိုးတာတွေများပြီး ဆံသားကြေမွပျက်စီးနေသူများအတွက် ထိရောက်တဲ့ ဆံပင်ပေါင်းတင်နည်းကို မျှဝေပေးရင်းနဲ့ ဆံပင်ထိန်းသိမ်းနည်းကိုပါ ပြောပြပေးလိုက်ပါတယ်။

အရင်ဆုံးလုပ်ရမှာကတော့ ဆံသားကအပေါ်မှာပြောခဲ့သလို အရမ်းကိုပျက်စီးနေပြီဆိုရင်တော့ လက်နှစ်လုံးစာ (သို့) လက်သုံးလုံးစာလောက် ညှပ်ချပစ်ပါ။ ပြီးမှသာ အိမ်မှာ တစ်ပတ်တစ်ခါ ပုံမှန် ပေါင်းတင်ပေးပါ။

ဆံပင်ပေါင်းတင်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းကတော့ ကြက်ဥအနှစ်၊ ပျားရည်နဲ့ သံလွင်ဆီတို့ပဲ ဖြစ်ပါတယ်။

လုပ်ရမယ့်ပုံစံကတော့ ပန်းကန်ထဲကို ကြက်ဥအနှစ်ပဲထည့်ပြီး သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ မွှေတဲ့အတံလေးနဲ့ မွှေပေးပါ။ သေချာကြာကြာလေး ခလောက်မွှေပြီးပြီဆိုရင်တော့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ထပ်မွှေပါ။

သေချာမွှေပြီးရင် ဆံပင်အကုန်နှံ့အောင် သုတ်လိမ်းပေးပါ။ ဆံပင်အဖျားတွေကို အဓိကထားပြီး များများလိမ်းပေးပါ။ ပြီးရင်တော့ shower cap နဲ့ ခေါင်းကိုအုပ်ထားပြီး မိနစ် ၃၀ ထားပေးပါ။

အချိန်ပြည့်ပြီဆိုရင်တော့ ရေအေးနဲ့ပဲ သေချာစင်အောင်ဆေးချပြီး နူးညံ့ပြီး Chemical နည်းတဲ့ ခေါင်းလျှော်ရည်၊ sulfate လုံးဝမပါတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။ ခေါင်းလျှော်ရည်ဘူးတွေမှာ sulfate free shampoo ဆိုပြီး ရေးထားတာမျိုးကို ရွေးသုံးပါ။ sulfate ပါတဲ့ ခေါင်းလျှော်ရည်တွေက ဆံပင်ပိုကျွတ်စေလို့ပါ။

ခေါင်းလျှော်ပြီးရင်တော့ Dryer လုံးဝမသုတ်ပဲ Tower နဲ့ပဲ ဖွဖွလေးသုတ်ပေးပါ။ အရေးကြီးသွားစရာမရှိရင် Dryer လုံးဝမသုံးပဲ သဘာဝအတိုင်းပဲ ဆံပင်ကို အခြောက်ဆံပါ။ ဆံပင်မခြောက်သေးတဲ့အချိန်၊ ရေစိုနေတဲ့အချိန် ခေါင်းလုံးဝမဖြီးပါနဲ့။ Vitamin E Oil ကို ခေါင်းလျှော်ပြီးတိုင်း လိမ်းပေးပါ။ ဆံသားပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ တော်တော်ကို သက်သာသွားပါလိမ့်မယ်။

Source: www.stylecraze.com