ဆောင်းရာသီဟာ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်များအတွက်တော့ ရန်သူတစ်ပါးလိုပါပဲ။ တခြားရာသီအချိန်မှာတောင် အသားကခြောက်တတ်လို့ မနည်းအစိုဓာတ်ဖြည့်နေရပါတယ်ဆိုမှ အစိုဓာတ်လျော့နည်းတဲ့ ဆောင်းရာသီလည်းရောက်ရော ပိုပြီးတော့ကို ဆိုးလို့လာပါတယ်။

ဒီလိုမျိုး အသားအရေခြောက်တတ်တဲ့ ပျိုမေလေးတွေအနေနဲ့ Skincare အလှကုန်ပစ္စည်းအစား သဘာဝပစ္စည်းလေးတွေကို အားကိုးချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို စမ်းသုံးကြည့်လိုက်ပါ။ သိသာကောင်းမွန်တဲ့ ရလဒ်တွေကို တွေ့ရပါလိမ့်မယ်။

၁။ သံလွင်ဆီ

သံလွင်ဆီကို မျက်နှာအသားအရေပေါ်မှာ သေသေချာချာ ပွတ်လိမ်းပြီးတော့ ခပ်နွေးနွေးလေးဖြစ်နေတဲ့ အဝတ်စိုတစ်ခုကို မျက်နှာပေါ်အုပ်လိုက်ကာ အေးသွားတဲ့အထိထားပေးပါ။ ပြီးရင် ပိုနေတဲ့အဆီတွေကို သုတ်ပစ်လိုက်ပါ။

၂။ ထောပတ်သီး

ထောပတ်သီးတစ်ခြမ်းက အသားတွေကို ကြိတ်ခြေလိုက်ပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် ထမင်းစားဇွန်း ၁ ဇွန်းထည့်ပြီးတော့ ရောသမအောင်မွှေပေးပါ။ ပြီးရင် ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ် မှ မိနစ် ၂၀ အထိ ထားပေးပါ။ အချိန်ပြည့်ပါက မျက်နှာသစ်ပေးပြီး ပုံမှန်လိမ်းနေကျ Moisturizer လိမ်းလိုက်ပါ။

၃။ အုတ်ဂျုံ

အုတ်ဂျုံတစ်ခွက်ကို ရေနွေးနွေးလေးနဲ့ချိုးတဲ့အခါ ထည့်ပြီးချိုးပေးခြင်းက ခြောက်သွေ့တဲ့အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး တင်းတင်းရင်းရင်းလေးဖြစ်စေပါတယ်။

၄။ ရှားစောင်းလက်ပတ်

ဆောင်းရာသီကာလမှာ ရှားစောင်းလက်ပတ်ဂျယ်လ်ကို အားကိုးလိုက်ပါ။ အသားအရေအင်မတန်ခြောက်သွေ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နီမြန်းမှု၊ ယားယံမှုတို့ကို သက်သာစေဖို့အတွက် ရှားစောင်းလက်ပတ်က ကူညီပေးနိုင်ပါတယ်။ တစ်ခုရှိတာကတော့ ရှားစောင်းလက်ပတ်က ကိုယ့်အသားအရေနဲ့တည့်မတည့်သိရအောင်လို့ မျက်နှာပေါ်မတင်ခင် လက်ပေါ်မှာအရင်စမ်းသုံးကြည့်ပါ။