မိန်းကလေးတော်တော်များများက လှပတဲ့မျက်နှာအသားအရေလေးကို ပိုင်ဆိုင်ချင်ကြတယ်။ ဒါပေမယ့် လှချင်တာပဲသိတယ် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိကြတာများပါတယ်။ တကယ်တော့ အသားဖြူတာထက် အသားအရေကြည်နေတာလေးက ပိုပြီးလှတာပါ။

ဒါကြောင့် ပိုက်ဆံလည်းမကုန်ဘဲ ကြည်လင်လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ဖို့ ထိရောက်တဲ့ Toner လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ကြည်လင်တဲ့မျက်နှာအသားအရေလေးရရှိလာဖို့ ထိရောက်တဲ့ Toner ကတော့ Lemon Toner ပါ။

Lemon Toner ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Lemon Juice – ခွက်တစ်ဝက်စာ၊ ရေ – ခွက်တစ်ဝက်စာနဲ့ Witch hazel – ခွက်ရဲ့လေးပုံ တစ်ပုံစာ လိုအပ်ပါတယ်။

လုပ်ရမယ့်ပုံစံကတော့ ပုလင်း (သို့) ဘူးတစ်ခုထဲကို ပါဝင်ပစ္စည်းသုံးမျိုးလုံးထည့်ပြီး လုံနေအောင် အဖုံးပိတ်ထားပြီး ရေခဲသေတ္တာထဲမှာ ၂ ပတ်ကြာအောင် ထည့်ထားပေးပါ။ ၂ ပတ်ပြည့်တဲ့နေ့မှာတော့ Lemon Toner ကို ထုတ်လိမ်းလို့ရပါပြီ။

လိမ်းရမယ့်ပုံစံကတော့ Lemon Toner ကို လက်ထဲထည့်မလိမ်းဘဲ ဂွမ်းဖတ်လေးနဲ့ လိမ်းပေးရပါမယ်။ အသာလေးပွတ်ပြီး အသားထဲထိစိမ့်ဝင်သွားအောင် သေချာလိမ်းပေးပါ။ ဒီလိုလုပ်ပေးခြင်းက သင့်ရဲ့မျက်နှာအသားအရေလေးကို ကြည်လင်ပြီးလှပလာစေမှာပါ။

Source: www.today.com