ITZY အဖွဲ့ဝင် Main Vocal မလေး Lia ကတော့ သူမရဲ့ ကလေးမျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် Kpop ပရိသတ်တွေကြား လူသိများပါတယ်။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့သူမကို တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းမြို့မှာမွေးဖွားခဲ့ပြီး နာမည်အရင်းက Choi Jisu ဖြစ်ပါတယ်။

ကနေဒါနိုင်ငံမှာနေထိုင်ခဲ့ဖူးတာကြောင့် အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သူပါ။ အရပ်အမြင့် ၅ ပေ ၃ ရှိပြီး အချိုးကျလှပတဲ့ ပုခုံးတန်းပြေပြေလေးတွေ ပိုင်ဆိုင်ထားသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။


အမြဲပြုံးရယ်နေတတ်တဲ့သူမဟာ မိတ်ကပ်မလိမ်းဘဲနဲ့လည်း သဘာဝအတိုင်း ချစ်စရာကောင်းနေဆဲ ဖြစ်တာကို သူမရဲ့ သဘာဝကင်မရာနဲ့ရိုက်ထားတဲ့ Selfie လှလှလေးတွေကတစ်ဆင့် တွေ့နိုင်မှာပါ။

ဒီတစ်ခေါက်မှာ Lia လို ဘယ်အချိန်ကြည့်ကြည့် သဘာဝအတိုင်း Glow နေတဲ့ အသားအရေလေးပိုင်ဆိုင်ဖို့ သူမလုပ်လေ့ရှိတဲ့ အသားအရေထိန်းသိမ်းနည်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

Lia က အင်တာဗျူးတစ်ခုမှာ သူမဟာ ဖျော်ဖြေဖို့အတွက် မိတ်ကပ်ခဏခဏလိမ်းရတဲ့အချိန်တိုင်း အသားအရေ Sensitive ဖြစ်သွားတတ်တာမို့ ဒီလိုအချိန်တွေမှာ Skincare အတွက် ပိုအားစိုက်လုပ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။


မိတ်ကပ်လိမ်းရချိန်များသူမို့ မိတ်ကပ်အကြွင်းအကျန်တွေ မရှိရအောင် Double Cleansing ကို အသားပေးပြီး လုပ်တတ်သူဖြစ်ပါတယ်။ ပထမတစ်ခေါက်သန့်စင်တဲ့အခါ Oil ဒါမှမဟုတ် Balm Cleanser တွေသုံးပြီး ဒုတိယတစ်ခေါက်မှာတော့ ရေဓာတ်ပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးတစ်မျိုးနဲ့ ထပ်ပြီး သန့်စင်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။


သူမ အသားအရေအတွက် အမှန်တကယ်ထိရောက်တဲ့ မျက်နှာသစ်တာနဲ့ Moisturizer လိမ်းတဲ့အဆင့်တွေကို အဓိကပြုလုပ်ပေးပြီး တစ်ခါတစ်ရံမှ Toner, Essence နဲ့ Serum တွေ လိမ်းလေ့ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။ လိုအပ်တဲ့အခါ မျက်နှာ Mask ကပ်တာ ဆဲလ်သေတွေဖယ်ရှားဖို့ မျက်နှာချေးချွတ်တာမျိုးလည်း လုပ်တတ်တဲ့သူဖြစ်ပါတယ်။


အရေးကြီးတဲ့ Moisturizer အဆင့်ကို နေ့စဉ် သေချာလိမ်းပေးပြီး နောက်ဆုံးအနေနဲ့ Sunscreen ကို မဖြစ်မနေ လိမ်းပေးလေ့ရှိတယ်လို့လည်း Lia က ပြောပြခဲ့ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar