မိန်းကလေးတိုင်းအတွက်လိုအပ်မယ့် Natural Beauty Idea တချို့ကို မျှဝေပေးလိုက်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်တာကြောင့် ဘေးဥပါဒ်မဖြစ်ပဲ ထိရောက်စေပါတယ်။ ဒါကြောင့် အလှအပကြိုက်သူတိုင်းအတွက် အသုံးဝင်စေမှာပါ။

မျက်တောင်ထူပြီးရှည်စေဖို့

Mascara နဲ့ မျက်တောင်ကော့တဲ့အခါမှာ မျက်တောင်ကို ထူထူမဲမဲလေးနဲ့ရှည်တာမျိုး လိုချင်တယ်ဆိုရင် Mascara ကော့တဲ့အတံလေးနဲ့ Foundation ကိုယူပြီး မျက်တောင်ကော့ပါ။ ပြီးမှ Mascara နဲ့ ထပ်ကော့ပါ။

မျက်ကွင်းညိုတာသက်သာဖို့

မျက်ကွင်းညိုနေလို့ လိမ်းစရာ Eyecream လည်းမရှိဘူး၊ မျက်ကွင်းညိုတာ အမြန်သက်သာဖို့လိုတယ်ဆိုရင် ကော်ဖီမှုန့်အစစ်ကိုဖျော်ပါ။ Cotton Pad ကို နှစ်ခြမ်းညှပ်ပြီး ကော်ဖီခွက်ထဲနှစ်လိုက်ပါ။ ပြီးရင် အဲ့ဒီနှစ်ထားတဲ့ Cotton Pad ကို မျက်ကွင်းညိုတဲ့နေရာမှာ ၁၅ မိနစ်လောက်ကပ်ထားလိုက်ရုံနဲ့ မျက်ကွင်းညိုတာ သက်သာစေပါတယ်။

Natural Waxing လုပ်နည်း

ခြေသလုံးမွှေး Waxing လုပ်ဖို့အတွက် အလွယ်တကူ ဒီသဘာဝနည်းလမ်းကို သုံးနိုင်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ပန်းကန်လုံးထဲကို သကြား၊ ပျားရည်နဲ့ သံပယိုရည်ညှစ်ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် Microwave ထဲ စက္ကန့် ၃၀ လောက်ထည့်ပြီး အပြင်ထုတ်ပါ။ အေးတဲ့အထိမထားပဲ ကိုယ့်အသားကို ကပ်နိုင်တဲ့အနေလောက် နွေးနွေးလေးဖြစ်အောင်ထားလိုက်ပါ။ ပြီးရင်တော့ Waxing လုပ်နိုင်ပါပြီ။

Matte Type နှုတ်ခမ်းနီရစေဖို့

နှုတ်ခမ်းနီကို Matte Type လေးဆိုးချင်ပေမယ့် မရှိဘူးဖြစ်နေရင် အဆင်ပြေတဲ့ နှုတ်ခမ်းနီပဲ ဆိုးလိုက်ပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း နှုတ်ခမ်းမှာ တစ်ရှူးအုပ်ပြီး နှုတ်ခမ်းနီထပ်ဆိုးပါ။ Powder ပုပ်ပေးပါ။ ပြီးမှ တစ်ရှူးကိုဖယ်လိုက်မယ်ဆိုရင်တော့ ကိုယ်ဆိုးထားတဲ့နှုတ်ခမ်းနီက Matte ဖြစ်သွားတာကို တွေ့ရမှာပါ။ ဒီနည်းလမ်းက ဆိုးထားတဲ့နှုတ်ခမ်းနီလည်း ကြာရှည်ခံစေပါတယ်။

ဂျိုင်းမဲတာသက်သာစေဖို့

ဂျိုင်းအရမ်းမဲနေလို့ စိတ်ညစ်နေရတဲ့သူတွေဆိုရင် သံပယိုသီးကို တစ်ခြမ်းခြမ်းပြီး အပေါ်မှာ သကြားဖြူးပါ။ ပြီးရင် အဲ့တာနဲ့ ဂျိုင်းကိုပွတ်ပေးပါ။ ပုံမှန် နေ့တိုင်းလုပ်ပေးရင် ဂျိုင်းမဲတာက သိသိသာသာ သက်သာသွားစေပါတယ်။