မိတ်ကပ်ပြင်ဖို့အချိန်သိပ်မပေးရဘဲ ကိုးရီးယားမလေးတွေလို ပန်းရောင်သွေးပြီး သဘာဝဆန်တဲ့ မိတ်ကပ်ပြေပြေလေးတွေလိမ်းချင်တဲ့ ပျိုမေတို့အတွက် ရိုးရိုးရှင်းရှင်းနဲ့လှနေစေမယ့် မိတ်ကပ်ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ အသားအရောင်တော်တော်များများနဲ့လည်း လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးအဆင့်တွေ ပါဝင်တဲ့ Look မျိုးဖြစ်တာကြောင့် နေ့စဉ် ထသွားထလာအတွက်ပါလိမ်းခြယ်နိုင်သလို မိန်းကလေးဆန်ဆန် ချစ်စရာကောင်းပြီး Glow နေတဲ့ Make Up Look လေးကိုရနေစေမှာပါ။

ပထမဆုံးအနေနဲ့ Toner ၊ Moisturizer ဒါမှမဟုတ် Serum နဲ့ Sunscreen စတဲ့ Skincare အဆင့်ကို အရင်လိမ်းပြီးနောက် မိတ်ကပ်သားခံဖို့ Primer တစ်မျိုးလိမ်းပေးပါ။ ပြီးတဲ့အခါ အောက်ခံမိတ်ကပ်မလိမ်းခင် အရင်ဆုံး Concealer အရောင်ဖျော့ဖျော့ကို Brush ဒါမှမဟုတ် မိတ်ကပ် Sponge သုံးပြီး မျက်နှာပေါ်က အသားအရောင်မညီတဲ့နေရာ၊ အမဲစက်နဲ့ အမာရွတ်ရှိတဲ့နေရာတွေမှာ ခပ်ပါးပါးလိမ်းပြီးအုပ်ပေးရပါမယ်။

ပြီးနောက်မှာတော့ SPF ပါဝင်တဲ့ အောက်ခံမိတ်ကပ် Cushion တစ်မျိုးကို အနည်းငယ်ပုတ်လိမ်းပေးရပါမယ်။


Cushion လိမ်းပြီးတဲ့အခါ Powder အမျိုးအစား Bronzer ကို Eyeshadow Brush နဲ့ ခပ်ပါးပါး နှာတံဖော်ပေးပြီး Brush အကြီးနဲ့လည်း ပါးစောင်နဲ့မေးရိုးကို အနည်းငယ်ပုတ်လိမ်းပေးရပါမယ်။


မျက်ခုံးအတွက် Eyebrow Pencil အညို ဒါမှမဟုတ် အမဲရောင်သုံးပြီး ခပ်ပါးပါးမှိန်မှိန်လေးဆွဲပေးပါ။ အရောင်အရမ်းရင့်တာတွေသုံးပြီး ခပ်ထူထူဆွဲတာက သဘာဝမဆန်ဘဲ Heavy မိတ်ကပ်ပုံစံပေါက်စေပါတယ်။


Eyeshadow ကိုတော့ ပန်းရောင်နုနုကို အောက်ခံပြီး နီညိုရောင်ဘက်သွားတဲ့အရောင်တွေကို ပေါင်းဆိုးပေးရပါမယ်။ ပြီးနောက်မှာ Glitter ပန်းရောင်လေးတွေထပ်ဆိုးပေးလိုက်ပါ။ အောက်မျက်ခွံအတွက် Glitter ကိုတော့ ငွေရောင် (သို့) ရွှေရောင်ကိုအသုံးပြုပေးပြီး သေချာ Blend လုပ်ပေးရပါမယ်။


ပေါ့ပေါ့ပါးပါး Eyeliner အတွက် Gel Eyeliner ကိုမျက်ခွံဘေးထောင့်မှာပဲ အနည်းငယ် ခပ်ကော့ကော့လေးဆွဲပေးပြီး ကျန်တဲ့နေရာကိုတော့ Eyeshadow အမဲရောင်နဲ့ မျက်ခွံအတွင်းသားကနေ ခပ်ပါးပါးဆိုးပေးနိုင်ပါတယ်။ပြီးရင်တော့ မျက်တောင်ကော့ပြီး Mascara ခြယ်ပေးပါ။

ပန်းရောင်အနု ပါးနီပြေပြေလေးဆိုးပေးပြီးနောက် Highlighter အနည်းငယ်ယူကာ လက်ညိုးလေးနဲ့ ခပ်ပါးပါး ပုတ်ပေးရပါမယ်။

နောက်ဆုံးအဆင့်အတွက် Matte နှုတ်ခမ်းနီအရင့်အနည်းငယ်ဆိုးပြီး Blend လုပ်ပေးကာ နှုတ်ခမ်းသား ပြောင်ပြောင်တင်းတင်းလေးဖြစ်စေဖို့ အပေါ်ကနေ Lip Gloss တစ်ထပ်ဆိုးပေးလိုက်ပါ။


ဒါဆိုရင်တော့ အချိန်တိုအတွင်း ကိုးရီးယားမလေးတွေလို ပန်းရောင်သမ်းကာ Glow ပြီး သဘာဝဆန်တဲ့ ချစ်စရာမိတ်ကပ် Look လေးကို ရရှိသွားပြီဖြစ်ပါတယ်နော်။

Source: Pinterest