မိန်းကလေး အများစု ဦးစားပေးလာတဲ့ ဖက်ရှင်စတိုင်ကတော့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဖက်ရှင်စတိုင်ပါ။ ဘောင်းဘီအပွကတော့ ပျိုမေအများစု နှစ်သက်ကြတဲ့ အဝတ်အစား ဖြစ်ပါတယ်​။ သင်က ပေါ့ပေါ့ပါးပါးလေး ဝတ်ထားတဲ့ နေ့တွေမှာ ပေါ့ပေါ့ပါးပါး ပို့စ်ပေးနည်းတွေကို သိချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ ပို့စ်တွေက သင့်အတွက် အသုံးဝင်မှာပါ။

ခြေချိတ်ထိုင်ကာ လက်ကလေးကို အလယ်ခွကြား တင်ထားလိုက်တာက ပေါ့ပေါ့ပါးပါးနဲ့ မိုက်ပါတယ်။

ထိုင်ခုံပေါ်ထိုင်ကာ လက်ထောက်ရင်း ခြေချိတ်ကာ ဒီခြေထောက်ကို အပေါ်မြှင့်ထားတဲ့ စတိုင်က ခပ်မိုက်မိုက် ပုံစံကို ရစေပါတယ်။

လက်နှစ်ဘက်လုံးကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်တာက အထာကျပါတယ်​။



ထိုင်ခုံပေါ် ခြေထောက် တစ်ဘက်စီ အမြင့်မတူဘဲထားကာ လက်ကို ပေါင်ပေါ်တင်ထားနိုင်ပါတယ်။

ဘေးခုံမှာ လက်ထောက်ထားပြီး လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး

ခြေထောက်တစ်ဘက်ကို ထိုင်ခုံပေါ်တင်ကာ လက်ထောက်ထားတဲ့ စတိုင်ကလည်း မိုက်ပါတယ်။

ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး ရယ်နေတဲ့ စတိုင်လေး

​အပွဝတ်ထားတာကြောင့် ခုံပေါ်ထိုင်ကာ ပေါ့ပေါ့ပါးပါး ပို့စ်ပေးနိုင်ပါတယ်။

တစ်နေရာမှာ ထိုင်ပြီး ကင်မရာဘက် ငေးနေမယ်။

ဆံပင်လေးကိုင်ပြီး အပေါ် မော့ကြည့်နေတဲ့ စတိုင်က ကြည့်ကောင်းပါတယ်။

အိတ်ကို လက်နှစ်ဘက်နဲ့ စုကိုင်ထားတဲ့ ပို့စ်ကို ပျိုမေတို့ အသုံးများပါတယ်။

ပေါင်ကားထိုင်ကာ ကင်မရာဆီ ကြည့်နေမယ်

ဒီလိုပို့စ်ပေးဖို့အတွက် တခြားလိုအပ်တဲ့ အရာတွေကတော့- အထာကျကျ ဖက်ရှင်ဝတ်ဆင်ပုံ၊ မိတ်ကပ် Look ၊ ကြည့်ကောင်းတဲ့ Background တို့ လိုအပ်ပါတယ်။ အလိုအပ်ဆုံး နောက်ထပ် လိုတဲ့ အရာတစ်ခုကတော့ သင့်ကိုယ်သင် ယုံကြည်မှု Confidence ရှိခြင်းပါ။ သင်က သင့်ကိုယ်သင် ယုံကြည်မှု ရှိမယ်ဆိုရင်တော့ ကင်မရာရှေ့ ပေါ့ပေါ့ပါးပါး ဖြစ်ကာ အရင်ထက် ပို့စ်တွေက အသက်ဝင်ပါလိမ့်မယ်။ ဒါ့အပြင် ပေါ့ပေါ့ပါးပါး သဘာဝဆန်ဆန် ပုံစံလည်း ရစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar