မျက်လုံးလှတဲ့ကောင်မလေးတွေက မိတ်ကပ်အများကြီးမပြင်ပဲ Natural Look လေးပြင်ရုံနဲ့တင် ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒါကြောင့် မိတ်ကပ်သိပ်မပြင်တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပြီး ဘယ်လိုမိတ်ကပ်ပုံစံလေးက အမြဲပြင်လို့ အဆင်ပြေမလဲဆိုတာကို သိသွားအောင်လို့ မျက်လုံးလှတဲ့ ကောင်မလေးတွေအတွက် Natural Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။
မိတ်ကပ်စလိမ်းတော့မယ်ဆိုရင် Toner, Moisturizer, Sunscreen, Primer ဒီလေးမျိုးကိုလိမ်းပြီးမှသာ အောက်ခံမိတ်ကပ် Foundation ကို လိမ်းပေးပါ။
မိတ်ကပ်လိမ်းပြီးပြီဆိုရင် မျက်ခုံးမွှေးစဆွဲပေးပါ။ မျက်လုံးလှတဲ့သူတွေက မျက်လုံးအလှပိုပေါ်လွင်အောင်လို့ မျက်ခုံးမွှေးကို ထင်းထင်းလေးဆွဲပေးသင့်ပါတယ်။ မျက်ခုံးမွှေးနက်နက်လေးဆို ပိုပြီးလှပါတယ်။
သဘာဝဆန်ဆန်လေးဖြစ်အောင် Eyebrow Brush လေးလည်း သုံးပေးဖို့ မမေ့ပါနဲ့။
Eyeshadow တွေကို သပ်သပ်သုံးပြီးခြယ်နေစရာမလိုပဲ လွယ်သွားအောင်လို့ ကိုယ်ဆိုးမယ့် နှုတ်ခမ်းနီနဲ့ပဲ ခြယ်ပေးပါ။ အမြဲပြင်လို့ကောင်းတဲ့ နှုတ်ခမ်းနီအရောင်ကတော့ အညိုနဲ့ ပန်းရောင်စပ်ထားတဲ့ အရောင်မျိုးလေးပါပဲ။
နှုတ်ခမ်းနီတစ်ရောင်ထဲကိုပဲ နှုတ်ခမ်းနီဆိုးတာမပြင် ပါးနီအတွက်ကော၊ မျက်လုံးခြယ်တာအတွက်ကော သုံးပေးပါ။
နှုတ်ခမ်းနီကို လက်နဲ့ယူပြီး ပါးနီအဖြစ်နဲ့ ခြယ်ပေးပါ။ လက်နဲ့ပဲ ပုတ်ပုတ်ပြီးခြယ်ပေးပါ။
ပါးနီခြယ်ပြီးရင် မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေးဖြစ်သွားအောင် Powder ပုတ်ပေးပါ။
ခုနကပါးနီခြယ်ထားတဲ့ နှုတ်ခမ်းနီနဲ့ပဲ မျက်ခွံကို လက်လေးနဲ့ခြယ်ပေးပါ။ အလက်လက်လေးတွေပါတာကြိုက်ရင် ပါးနီနဲ့ Glitter လေးကိုရောပြီး ခြယ်ပေးလို့ရပါတယ်။ မျက်လုံးအောက်ကိုပါ နည်းနည်းခြယ်ပေးပါ။
အဲ့နှုတ်ခမ်းနီနဲ့ပဲ နှုတ်ခမ်းနီဆိုးပေးပါ။
မျက်လုံးလှတဲ့သူတွေက Eyeliner ဆိုးရင် Gel Type (သို့) Pencil Eyeliner ကို သုံးပေးပါ။ Eyeliner ကို တစ်ကြောင်းထဲပဲဆွဲပါ။ အောက်ဘက်ကို မဆွဲပါနဲ့။
မျက်တောင်ကော့ကော့ရှည်ရှည်လေးဆို မျက်လုံးအလှက ပိုပေါ်လွင်ပါတယ်။ ဒါကြောင့် မျက်တောင်ကော့တဲ့အတံလေးနဲ့ အရင်ကော့ပြီးမှ Mascara သုံးပါ။
မျက်နှာလေး Glow နေအောင်လို့ နှာတံ၊ မေးရိုး၊ ပါးနေရာ၊ နဖူးနဲ့ မေးစိကို Highligher သုံးပေးပါ။
ဒါဆိုရင်တော့ မျက်လုံးလှတဲ့ ကောင်မလေးတွေအတွက် အမြဲတမ်းပြင်လို့ အဆင်ပြေတဲ့ Natural Makeup Look ရသွားပါပြီ။
Source: www.babyjingko