Nana လို့ အများသိကြတဲ့ Im Jin-ah က တောင်ကိုးရီးယား အဆိုတော် မင်းသမီးနဲ့ မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ သူမကို စာဖတ်ပရိသတ်တို့ After School ကိုးရီးယားအဖွဲ့နဲ့ တွဲ့ပြီး ရင်းနှီးကြမှာပါ။ Nana က After School အပြင် အဖွဲ့ခွဲတွေ ဖြစ်တဲ့ Orange Caramel နဲ့ After School Red မှာလည်း ပါဝင်ခဲ့ပါသေးတယ်။ Nana က အဆိုတော် အလုပ်အပြင် ဇာတ်လမ်း အများအပြားမှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် Nana က မိတ်ကပ် Artist တစ်ဦး ဖြစ်ပါသေးတယ်။
မော်ဒယ် ခန္ဓာကိုယ်နဲ့ Nana က ဘယ်အဝတ်အစား ဝတ်ဝတ် အထာကျကျ နဲ့ မိုက်နေတတ်ပါတယ်။ ဒီထဲမှာတော့ အထာကျကျ ဝတ်ချင်တဲ့ ပျိုမေတို့ပါ နမူနာယူနိုင်မယ့် Nana ရဲ့ ဖက်ရှင်တွေကို ဖော်ပြထားပါတယ်။
ရိုးရိုးရှင်းရှင်း ဂါဝန်ခရမ်းရောင်ကို Coat အင်္ကျီ အနက်၊ ဘွတ်ဖိနပ် အရှည်နဲ့ တွဲလိုက်တော့ ပိုမိုက်သွားပါတယ်။
ဂါဝန် ဒဲ့အရှည် အဝါလေးက နွေရာသီမှာ သင် ဝတ်နိုင်မယ့် ဖက်ရှင်ပါ။
ဂျင်းဘောင်းဘီ ဒဲ့အရှည်နဲ့ အပေါ် Blouse နဲ့ တွဲဝတ်ထားတဲ့ Nana က အထာကျလှပါတယ်။
အင်္ကျီလက်ရှည်အဖြူကို ဘောင်းဘီရှည်ထဲ ထည့်ဝတ်မယ်။
ပိုးသားအရှည် ဂါဝန်ကို ဘယ်လိုတွဲဝတ်ရမလဲ မသိရင် Nana ဆီက အိုင်ဒီယာ ယူနိုင်ပါတယ်။
ဂါဝန်အရှည်၊ ဒေါက်မြင့်နဲ့အတူ လှနေတဲ့ Nana
စမတ်ကျကျ ခပ်မိုက်မိုက် လှချင်တယ်ဆိုရင်တော့ အပေါ် အနက်ရောင် Crop ၊ Coat အင်္ကျီကို ဂျင်းဘောင်းဘီရှည်နဲ့ တွဲကာ မျက်မှန်အနက် တပ်ထားနိုင်ပါတယ်။
ဂါဝန်အမည်း အကားလေးကို အင်္ကျီလက်ရှည်အပွနဲ့ ပေါ့ပေါ့ပါးပါး
Ripped Jeans နဲ့ Floral ပွင့် အင်္ကျီလက်ရှည်နဲ့အတူ Nana က စတိုင်ကျလှပါတယ်။
ရှပ်အင်္ကျီအနက်နဲ့အတူ ပေါ့ပေါ့ပါးပါး ဖက်ရှင်နဲ့ လှနေတဲ့ Nana
ကမ်းခြေသွားမယ်ဆိုရင် Nana အခု ဝတ်ထားတဲ့ စတိုင်လေးက ကွက်တိပါပဲ။
နွေရာသီစတိုင်တွေကို အဝတ်များတဲ့ Nana ကို တွေ့ရမှာပါ။
Photo Source: Pinterest
By MyStyle Myanmar