လက်သည်းကျိုးပဲ့လွယ်တဲ့သူတွေက လက်သည်းအရှည်ထားဖို့ ခက်ပါတယ်။ တချို့ဆိုရင် လက်သည်း နည်းနည်းလေးရှည်လာတာနဲ့ ကျိုးပဲ့ကုန်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် လက်သည်း ကျိုးပဲ့လွယ်တဲ့သူတွေအတွက် လက်သည်းကို ဂရုစိုက်လို့ရအောင် Nail Care Tips တွေကို မျှဝေပေးလိုက်ပါတယ်။

သံလွင်ဆီ

လက်သည်းကို သံလွင်ဆီလိမ်းပေးပြီး စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေပြန်ဆေးတာမျိုး လုပ်ပေးပါ။ ဒီနည်းလမ်းကို တစ်လလောက် နေ့တိုင်း တစ်နေ့ ၂ ကြိမ် ပုံမှန်လုပ်ပေးသွားရင် လက်သည်းကျိုးပဲ့တာမျိုး မဖြစ်တော့ပဲ လက်သည်းသန်မာလာမှာပါ။

Multivitamin/Vitamin Supplements

လက်သည်းအရမ်းကျိုးပဲ့လွယ်တဲ့သူ၊ ခဏခဏကျိုးပဲ့နေတဲ့သူဆိုရင် Supplement တစ်ခုခုသောက်တာမျိုး လုပ်ပေးရင် သက်သာစေပါတယ်။ လက်သည်းလည်း ကျန်းမာစေပါတယ်။

လက်သည်းနီမဆိုးပါနဲ့

လက်သည်းနီဆိုးရင် လက်သည်းပျက်စီးတဲ့အတွက် ပိုပြီးတော့ လက်သည်းကျိုးပဲ့လွယ်ပါတယ်။ အထူးသဖြင့် Gel လက်သည်းနီတွေ ခဏခဏဆိုးတာမျိုး မလုပ်ပါနဲ့။

လက်သည်းညှပ်ပေးပါ

လက်သည်းကျိုးပဲ့လွယ်ရင် လက်သည်းအရှည် မထားပါနဲ့အုံး။ အရင်ဆုံး လက်သည်းကို Care ပြီး Healthy Nails ဖြစ်လာပြီဆိုမှ လက်သည်းအရှည်ထားပါ။ လက်သည်းကို ပုံမှန်ညှပ်ပြီး Cleansing လည်း သေချာလုပ်ပေးပါ။

Hand Sanitizers မသုံးပါနဲ့

Hand Sanitizers တွေက လက်သည်းနဲ့ လက်အသားအရေက Moisture တွေကို ဖယ်ရှားပစ်တဲ့အတွက် အသားခြောက်တာ၊ လက်သည်းပျက်စီးတာတွေ ဖြစ်စေပါတယ်။ ခဏခဏသုံးရင် လက်သည်းပျော့ပြီး ကျိုးပဲ့လွယ်လာစေပါတယ်။