ဒီတစ်ခေါက်ဖော်ပြမယ့် လက်သည်းနီစတိုင်တွေကတော့ လျို့ဝှက်စွာ နေထိုင်တတ်တဲ့ ကောင်မလေးတွေအတွက် ဖြစ်ပါတယ်။ သူတို့က စကားအကုန်မပြောဘဲ အမြဲ လျို့ဝှက်ချက်လေးတွေ ချန်ထားတတ်တဲ့ ကောင်မလေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြောစရာရှိရင်တော့ ရိုးရိုးသားသား ပြောပြီး ဆန့်ကျင်ဘက် လိင် အမျိုးသားတွေရဲ့ စွဲလမ်းခြင်းကို ရရှိသူတွေဆိုလည်း မမှားပါဘူး။ သင်က ဒီလို မိန်းကလေးတစ်ယောက်ဆိုရင် အခုဖော်ပြထားတဲ့ လက်သည်းနီ ပုံစံတွေက သင့်ကို ကိုယ်စားပြုပေးနေပါလိမ့်မယ်။

၁။ ခရမ်းရောင်ဘက်သွားတဲ့စတိုင်

လက်သည်းနီ အရောင်က Juicy ဖြစ်ပြီး ခရမ်းဘက်သွားတဲ့ စတိုင်က သင့်လက်ကို ပိုတောက်ပစေနိုင်ပါတယ်။ Glitter ကြိုက်ရင် ပုံထဲကလို ထည့်နိုင်ပါတယ်။

၂။ အနက်နဲ့ အတွဲအစပ်

Mysterious Girl တွေနဲ့ အလိုက်ဖက်ဆုံး အရောင်ထဲမှာ အနက်ရောင် ပါဝင်ပါတယ်။ အနက်ကို နက်လွန်းတာမျိုး မဟုတ်ဘဲ အရောင်ဖျော့ပုံစံလေး စပ်ဆိုးတာက ကြည့်ရလှပါတယ်။

၃။ အနက်နဲ့ အတွဲအစပ်

အထာကျစေမယ့်အပြင် သင့်လက်သည်းက သင့်ကိုယ်သင် ယုံကြည်မှုရှိတယ်လို့ ဖော်ပြနေတဲ့ စတိုင်မျိုးပါ။

၄။ အဖြူနဲ့ အနက်

ဒီလက်သည်းနီစတိုင်ကိုတော့ စွန့်စားရဲပြီး Mysterious ဖြစ်တဲ့ ပျိုမေတို့ သဘောကျပါလိမ့်မယ်။

၅။ အနက်နဲ့ ခဲရောင်

လက်ချောင်းလေးတွေပေါ် လက်စွပ် ဝတ်ချင်တဲ့ ပျိုမေတို့အနေနဲ့ ဒီစတိုင်လေးကို ဆိုးကြည့်သင့်ပါတယ်။

၆။ အပြာနဲ့ အနက်

ဂျစ်ကန်ကန် စတိုင်လေး ရစေမယ့် အပြာနဲ့ အနက် တွဲစပ်မှု ဖြစ်ပါတယ်။

၇။ တောက်ပနေမယ့် အရောင်လေး

ရေအောက် ကမ္ဘာကလာတဲ့ ထူးဆန်းပြီး စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ကောင်မလေး Mood On နိုင်မယ့် စတိုင်ပါ။

၈။ အညိုရောင်လေး

အညိုကလည်း သင့်လက်သည်းကို ထူးခြားစေပါလိမ့်မယ်။

၉။ အစိမ်းပုတ်ရောင်

ဒါကတော့ Mysterious Rich Girl စတိုင်ပါ။

၁၀။ အစိမ်းအနု

အစိမ်းကိုမှ ထူးခြားတဲ့ အရောင်လေး ဆိုးချင်ရင်တော့ ဒီစတိုင်က အမိုက်ဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar