ပျိုမေလေးတို့ရေ လက်သည်းနီဆိုးတဲ့အခါ တစ်ရောင်ထဲကို တစ်ပြင်လုံးဆိုးတာက အမြဲတမ်းဖြစ်နေတော့ ကြာလာရင် ရိုးပြီးအီလာပါတယ်နော်။ ဒါကြောင့်မို့လည်း အလှပြင်ဆိုင်တွေဖွင့်လာကြပြီး မတူညီဆန်းပြားတဲ့ လက်သည်းနီဒီဇိုင်းလေးတွေကို ပုံဖော်ပြီးတော့ ပြင်ဆင်ပေးလာကြတာလည်း ဖြစ်ပါတယ်။ တချို့လက်သည်းနီဒီဇိုင်းလေးတွေကတော့ ကိုယ့်ဘာသာအိမ်မှာလုပ်ဖို့လွယ်ကူပေမယ့် တချို့ဒီဇိုင်းတွေကျတော့လည်း ကျွမ်းကျင်တဲ့သူ လုပ်ပေးမှသာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ရလာနိုင်တာပါ။

မျက်နှာကိုမိတ်ကပ်တွေလိမ်းရတာကြိုက်သလို ကိုယ့်လက်သည်းလေးကိုလည်း ပြင်ဆင်ချင်တဲ့သူများအတွက်တော့ ဘယ်လိုဒီဇိုင်းလေးတွေက လှလဲဆိုတာကို အမြဲကြည့်နေရတာပါပဲ။ ဒါကြောင့် ဒီလိုမျိုး ကိုယ့်ရဲ့လက်သည်းလေးကို ဒီဇိုင်းဖော်ရတာကြိုက်တဲ့ပျိုမေများအတွက် ဟိုနေရာ ဒီနေရာကနေ ပုံလေးလိုက်ရှာရင်း ခေါင်းမစားရအောင်လို့ ၂၀၂၀ ထဲမှာ ခေတ်စားနေတဲ့ လက်သည်းနီဒီဇိုင်းလှလှလေးတွေကို ရွေးချယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။