လက်သည်းပုံဖော်တဲ့အခါ ပန်းပွင့်ဒီဇိုင်းလေးတွေ ပုံဖော်ရတာကိုကြိုက်တဲ့ မိန်းကလေးတွေအနေနဲ့ ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးတွေက လှတဲ့အပြင် ဒီဇိုင်းလည်းဆန်းတာကြောင့် ပန်းပွင့်ဒီဇိုင်းကြိုက်တယ်ဆိုရင် ပုံဖော်ကြည့်လိုက်တော့နော်။

ဒီပန်းပွင့်လက်သည်းဒီဇိုင်းလေးကတော့ လူငယ်ဆန်ပြီးလှတဲ့ ပုံစံလေးပါ။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်ဖက်ပါတယ်။

ဒါလည်းလူငယ်ဆန်ပြီးလှတဲ့ ပန်းပွင့်လက်သည်းဒီဇိုင်းလေးပါပဲ။ ဒီဇိုင်းလည်းဆန်းတာကြောင့် ပုံဖော်ကြည့်သင့်ပါတယ်။

အကြည်ပေါ်မှာပုံဖော်ထားတဲ့ ဒီပန်းပွင့်လက်သည်းဒီဇိုင်းလေးကတော့ အရမ်းလှပါတယ်။ ရှင်းသန့်ပြီးလှတဲ့ပုံစံလေးပါ။

မြင်နေကျဒီဇိုင်းတွေနဲ့မတူပဲ အရမ်းလှတဲ့ ပန်းပွင့်လက်သည်းဒီဇိုင်းလေးပါ။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပါတယ်။

လူငယ်ကောင်မလေးတွေပုံဖော်ဖို့အတွက် ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ ပန်းပွင့်လက်သည်းဒီဇိုင်းလေးပါ။ အရုပ်လေးပါနေတာက အသက်ပါပဲ။

ဒီပန်းပွင့်လက်သည်းဒီဇိုင်းလေးကတော့ အရမ်းလှပါတယ်။ ဒီဇိုင်းဆန်းပြီး လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်တဲ့အပြင် ခြေသည်းမှာပုံဖော်လည်း အရမ်းလှတဲ့ ဒီဇိုင်းလေးပါ။

ပန်းပွင့်ကို ရိုးရိုးမြင်နေကျပုံစံတွေ ပုံမဖော်ချင်ဘူးဆိုရင် ဒီပန်းပွင့်လက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်နော်။ အရမ်းလှပါတယ်။

နေကြာပန်းတစ်ပွင့်ထဲကို ပုံဖော်ထားတာလေးက အမြင်ဆန်းပြီး ရှင်းရှင်းလေးနဲ့လှပါတယ်။

ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီးလှတာမျိုး ပုံဖော်ချင်ရင်တော့ ဒီပန်းပွင့်လက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်နော်။

အနီရောင်ကြိုက်တဲ့ကောင်မလေးတွေ ပုံဖော်သင့်တဲ့ ပန်းပွင့်လက်သည်းဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးနဲ့ ထင်းပြီး အရမ်းလှပါတယ်။

လက်သည်းရှည်တယ်ဆိုရင်တော့ ဒီပန်းပွင့်လက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ လူငယ်လူကြီး အားလုံးနဲ့လည်း လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။