လက်သည်းကို အရှည်ကြီးထားတဲ့သူတွေ ပုံဖော်ဖို့အတွက် လက်သည်းဒီဇိုင်းလှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ချစ်ဖို့ကောင်းတာတွေ၊ လှတာတွေ၊ လူငယ်ဆန်တာ၊ ဖက်ရှင်ကျတာတွေ ပါဝင်တာကြောင့် လက်သည်းပုံဖော်ရတာကြိုက်တယ်ဆိုရင် စိတ်ကြိုက်ရွေးပြီ်း ပုံဖော်ကြည့်လိုက်တော့နော်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ အနက်ရောင်ကြိုက်ရင် ဒီလိုလေးပုံဖော်လို့ရတယ်နော်။

အရောင်အနုလေးတွေကို ရောင်စုံ ထိပ်နားလေးပဲဆိုးပြီး ပုံဖော်ထားတာပါ။ ထိပ်နားပဲဆိုးတယ်ဆိုပေမယ့် မြင်နေကျနဲ့မတူတဲ့ ဒီဇိုင်းလေးလုပ်ထားတာကြောင့် အရမ်းလှပါတယ်။

ဖက်ရှင်ကျပြီး မိုက်သလို လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအရှည်ကြီးတွေနဲ့ဆိုရင် ဒီလိုဒီဇိုင်းမျိုးက မိုက်ပါတယ်။

အနီရောင်ကြိုက်တဲ့သူတွေအတွက် ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမယ့် လက်သည်းဒီဇိုင်းလေးပါ။

လူငယ်ဆန်ပြီး Fancy ဆန်တဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်ဖက်မှာပါ။

အဖြူရောင်လေးကို ပုံဖော်ထားတဲ့ဒီဇိုင်းက ပွဲတိုးပြီး အရမ်းလှပါတယ်။ လက်သည်းအရှည်ကြီးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဒီဇိုင်းလည်းဖြစ်ပါတယ်။

အနက်နဲ့ရွှေရောင်ကို စပ်ဆိုးပြီး ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းကတော့ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။

Accessories လေးတွေကပ်ရတာမျိုး ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက လှပါတယ်။ အရောင်နုနုလေးပေါ်မှာ အပြာရောင် Accessories လေးတွေကို သုံးထားတာဖြစ်လို့ ပိုပြီးပေါ်လွင်စေပါတယ်။

ဒါကတော့ အစိမ်းရောင်ကြိုက်တဲ့သူတွေအတွက် လှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဆိုးထားတဲ့ အစိမ်းရောင်ကလည်း အရောင်နုနုလေးနဲ့ အရမ်းလှတဲ့အပြင် ဒီဇိုင်းကလည်း ဆန်းပြီးလှပါတယ်။ လိပ်ပြာပုံကို လက်သည်းအပြည့် ပုံဖော်ထားတာလေးက အသက်ပါပဲ။

Photo source:www.pinterest.com