အသက် ၃၀ ကျော် အမျိုးသမီးများနဲ့လိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ Cute ဖြစ်တာမျိုးလည်းမဟုတ်ပဲ လှပတဲ့လက်သည်းဒီဇိုင်းလေးတွေ၊ ရိုးရှင်းတဲ့လက်သည်းဒီဇိုင်းလေးတွေဖြစ်လို့ သဘောကျမယ်လို့ ထင်ပါတယ်။

အမဲရောင်ကြိုက်တဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက နည်းနည်းလူကြီးဆန်ပြီး လှတဲ့အတွက် အသက် ၃၀ ကျော် အမျိုးသမီးများနဲ့ လိုက်ဖက်ပါတယ်။

အရောင်နဲ့ဒီဇိုင်းက မိန်းကလေးဆန်ပြီး လှပတဲ့အတွက် မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ပန်းပွင့်အကြီးဒီဇိုင်းမျိုးဆိုတော့ လူငယ်လေးတွေထက် အသက် ၃၀ ကျော် အမျိုးသမီးများနဲ့ ပိုလိုက်ဖက်မှာပါ။

အရောင်နုနုလေးတွေ ဒီဇိုင်းရိုးရှင်းတာတွေပဲ လုပ်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်လိုက်နော်။

အရောင်ကငြိမ်ပြီး ဘိုဆန်တဲ့အပြင် ဒီဇိုင်းကလည်း အသက် ၃၀ ကျော်တွေအတွက် လိုက်ဖက်ပြီး လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းကတော့ အရိုးရှင်းဆုံးဒီဇိုင်းလေးဖြစ်လို့ အသက် ၃၀ ကျော်မှမဟုတ်ပါဘူး။ အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ဒီလက်သည်းနီအရောင်လေးနဲ့ ဒီဇိုင်းက ရိုးရှင်းပြီး လှပတဲ့အတွက် အသက် ၃၀ ကျော်ကနေ သက်ကြီးပိုင်းတွေအထိ လိုက်ဖက်တဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

လက်သည်းအရှည်ကို လေးထောင့်လေးထားဖြစ်တဲ့အခါ ဒီလိုလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။ ရှင်းရှင်းလေးနဲ့လှတာပါပဲ။

 

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအတိုအရှည် အားလုံးနဲ့လိုက်ဖက်ပါတယ်။ အရောင်ငြိမ်တာလေးတွေကြိုက်ရင် ဒီလိုလေးလည်း ပုံဖော်ကြည့်နော်။

 

ဒီလက်သည်းဒီဇိုင်းလေးကတော့ အဖြူရောင်ဆိုးဖြစ်တဲ့အခါကျ ပုံဖော်ကြည့်ပါ။ အိမ်မှာတောင်ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းမျိုး ဖြစ်ပါတယ်။

ပန်းပွင့်ဒီဇိုင်းကြိုက်တဲ့သူတွေ ပုံဖော်ဖို့အတွက် နောက်ထပ် လက်သည်းဒီဇိုင်းလေးပါ။ အရမ်းလှတဲ့ ဒီဇိုင်းလေးပါပဲ။