မင်္ဂလာပါရှင့်။ မိန်းကလေးတွေအတွက် အလှအပဆိုတာ အင်မတန်ကို အရေးပါတဲ့အရာတစ်ခုပါနော်။ မျက်နှာ၊ အသားအရေ၊ ဆံပင် စသဖြင့် မျိုးစုံပြင်ဆင်ချယ်သရပြီးတော့ ကိုယ့်ကိုယ်ကို ပေါ်လွင်ထင်ရှားအောင်ပြုလုပ်ရတာလည်း အမောပါပဲ။

ဒီလိုကိုယ့်ကိုယ်ကို ဂရုတစိုက်နဲ့ ပြင်ဆင်တဲ့အခါမှာ ချန်မထားခဲ့သင့်တဲ့ နောက်ထပ်တစ်ခုကတော့ လက်သည်းလေးတွေပါပဲ။ အများအားဖြင့် ယောကျာ်းလေးတွေ သတိထားမိလေ့ရှိကြတဲ့အထဲမှာ လက်သည်းလေးတွေကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကိုယ့်ရဲ့လက်သည်းတွေက ညှပ်ဖို့မေ့နေပြီး ဂျီးတွေရှိမယ်၊ ညစ်ပေနေမယ်ဆိုရင် ကိုယ့်ရဲ့ Image ကို ကျသွားစေနိုင်တာကြောင့် လက်သည်းလေးတွေကို လှလှပပနဲ့ အမြဲကြည့်လို့ကောင်းစေဖို့ အချိန်အနည်းငယ်ပေးပြီးတော့ ဂရုစိုက်လိုက်ပါ။

Source: www.niceladies.net