လက်သည်းနီ ပုံစံတွေ၊ အရောင်တွေက အမျိုးမျိုး ရှိတာမို့ သင့်အတွက် ရွေးချယ်ရတာက မခက်ပါဘူး။ ဒါပေမဲ့ ကိုယ့်အသားအရေ အရောင်အလိုက် ဘယ်အရောင်လိုက်ဖက်မလဲ စဉ်းစားရတာကတော့ နည်းနည်းပိုခက်ပါတယ်။ ကံကောင်းစွာနဲ့ လက်သည်းနီ အရောင် Tone ရွေးချယ်စရာများတာက ကိုယ့် အသားအရေ အရောင်နဲ့ လိုက်ဖက်လား စဉ်းစားတဲ့အခါ ပျော်စရာကောင်းသွားတတ်ပါတယ်။ နေ့တိုင်းလိုလို လက်သည်းနီ အရောင်ဆန်းတွေက တစ်နေ့တစ်မျိုး မရိုးရအောင် ပေါ်ပေါက်လာတတ်ပါတယ်။

အသားညိုတဲ့ ညိုချောလေးတွေနဲ့ လိုက်ဖက်တဲ့ လက်သည်းနီအရောင်များစွာ ရှိပါတယ်။ အရောင်တစ်ရောင်ထက် မနည်းရှိတာက သတင်းကောင်းတစ်ခုပါပဲ။ သင်က အသားညိုတာကြောင့် ပုံမှန်ဆိုးနေကျ အရောင်ကိုပဲ ရွေးတတ်တယ်ဆိုရင် အခုချိန်ကစပြီး ပြောင်းလဲသင့်တဲ့အချိန်ပါပဲ။ ဒီတစ်ခေါက်ဖော်ပြမယ့် လက်သည်းနီ အရောင်တွေက အသားညိုသူ ပျိုမေတို့နဲ့ လိုက်ဖက်မယ့်အပြင် အထက်တန်းဆန်ဆန် တည်ငြိမ်တဲ့ အရောင်တွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ပန်းရောင် အနု

ထိပ်ကလေးကိုမှ အဖြူဆိုးထားတဲ့ ပုံဆန်းလေး

လိမ္မော်ရောင်ကို မဆိုးရဲဘူးဆိုရင်တော့ ပုံထဲက မော်ဒယ်လို နမူနာယူပြီး စဆိုးကြည့်သင့်ပါတယ်

လက်သည်းထိပ်က အဖြူလေးမဟုတ်ဘဲ အနီရောင်ကလည်း ခပ်ဆန်းဆန်းလေးနဲ့ လှပါတယ်။

Sticker ပုံအဆန်းလေး။ ဒီပုံစံလေးကိုတော့ Nail Salon မှာ နမူနာပြပြီး ဆိုးကြည့်နိုင်ပါတယ်။

အရောင်စပ်လေးတွေကို သဘောကျသူ ပျိုမေတို့အတွက်

ခရမ်းရောင်အနုလေးကလည်း မိုက်တယ်နော်

Glitter အမှုန်လေးတွေကို နှစ်သက်သူ ပျိုမေတို့ ဆိုးကြည့်သင့်တဲ့ အိုင်ဒီယာ ဖြစ်ပါတယ်။

အသားညိုသူ ပျိုမေတွေ အဆိုးများတဲ့ ပန်းရောင် Nude Colour လေး

အနက်ရောင်ကိုမှ အပြည့်မဟုတ်ဘဲ ထူးထူးဆန်းဆန်းလေး

Classic Lady တွေ ဆိုးကို ဆိုးကြည့်သင့်တဲ့ အရောင်လေးပါနော်

သင်ကြိုက်တဲ့ အရောင်လေးက ဘယ်ပုံဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar