လက်သည်းနီ ဆိုးရတာကို မနှစ်သက်တဲ့မိန်းကလေးဆိုတာ ရှိမယ်လို့တောင်မထင်ပါဘူး။ တစ်ခါတစ်လေမှဆိုးတဲ့သူတွေလည်းရှိသလို မကြာခဏဆိုးတတ်တဲ့သူတွေလည်းရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ရဲ့ လှပတဲ့လက်ချောင်းလေးတွေမှာ နေရာယူနေမယ့် လက်သည်းနီအရောင်လေးတွေက လှပနေပြီး လိုက်ဖက်မှုရှိနေဖို့လည်း လိုအပ်ပါတယ်။

ဒီလိုဆိုတော့ မိန်းကလေးတစ်ယောက်ဆီမှာ ပိုင်ဆိုင်ထားသင့်တဲ့ လက်သည်းနီအရောင်လေးတွေကို သိထားမှလက်သည်းနီဝယ်ယူတဲ့အခါမှာ အရောင်ထပ်တာတွေ၊ ဘာဝယ်ရမှန်းမသိတာမျိုးတွေ မဖြစ်စေတော့မှာပေါ့။

အနီရောင်

အနီရောင်ဆိုတာ လက်သည်းနီအရောင်တွေထဲမှာ မရှိမဖြစ်ဝယ်ထားသင့်တဲ့အရောင်လေးပါ။ နေ့စဉ် သွားလာမှုအတွက်လည်း အဆင်ပြေပြီး အသားအရောင်တိုင်းနဲ့ လိုက်ဖက်မှုရှိတဲ့ အရောင်လေးလည်းဖြစ်ပါတယ်။

အရောင်နု

ဆိုးထားမှန်းမသိသာစေတဲ့ အသားရောင်လိုအရောင်မျိုးကလည်း လက်ချောင်းလေးတွေကို နူးညံ့ပြီးကြွရွနေစေဖို့ ကောင်းကောင်းအထောက်အကူပြုနိုင်မှာပဲဖြစ်ပါတယ်။ နေ့တိုင်းဆိုးထားဖို့လည်း အဆင်ပြေပြီး ရုံးသူကျောင်းသူလေးတွေအတွက် အဆင်ပြေစေတဲ့အရောင်လေးပေါ့။

အရောင်ရင့်ရင့်

မှောင်တဲ့ဘက်ကိုသွားတဲ့ အရောင်မျိုးတွေကလည်း လက်ချောင်းလေးတွေမှာ ဆွဲဆောင်မှုတစ်မျိုးလေးနဲ့ ရှိနေနိုင်ပါတယ်။ နီညိုရောင်၊ နက်ပြာရောင်၊ ခရမ်းရင့်ရောင်၊ အမည်းရောင်စတဲ့ လက်သည်းနီအရောင်လေးတွေကို ဝယ်ပြီးစုထားသင့်ပြီနော်။

ပျော်ရွှင်စေမယ့်အရောင်

ပျော်ရွှင်စေမယ့်အရောင်မျိုးဆိုတာ တခြားကိုဆိုလိုတာမဟုတ်ပါဘူး။ ပျိုမေတို့ကြိုက်နှစ်သက်တဲ့အရောင်၊ လက်သည်းလေးမှာဆိုးလိုက်ရင် စိတ်ကိုပျော်ရွှင်သွားစေတဲ့ အရောင်မျိုးတွေဆိုရင် ဝယ်ထားဖို့လိုပါတယ်။

Photo Source: Pinterest