လက်သည်းနီဆိုးတဲ့အခါမှာတော့ ရိုးရိုးဗြောင်လေးတွေဆိုးမယ်ဆိုရင် တော်တော်များများကအရောင်ကို တစ်ရောင်ထဲဆိုးကြတာများပါတယ်။ တချို့လူငယ်လေးတွေကျတော့ လက်သည်းနီကိုလိုက်ဖက်အောင် နှစ်ရောင်၊ သုံးရောင်စပ်ဆိုးကြပါတယ်။ ဒီလိုဆိုးတာလေးတွေက အရမ်းဖက်ရှင်ကျပြီး လှပပါတယ်။ ဒါကြောင့် လက်သည်းနီကို တစ်ရောင်ထဲမဆိုးပဲ ဘယ်အရောင်လေးတွေနဲ့ လိုက်ဖက်အောင် စပ်ဆိုးလို့ရမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။

အပြာဘက်သွားတဲ့အရောင်နဲ့ ခရမ်းရောင်အနုလေးက တွဲဖက်ဆိုးရင် လိုက်ဖက်တဲ့အရောင်လေးတွေပါ။ ဒါကိုမှ လက်လေးပိုလင်းသွားအောင် Bling Bling လေးတွေဆိုးပြီး အနက်ရောင်လေးကိုပါ စပ်ဆိုးလို့ရပါသေးတယ်။

အလွယ်တကူဝယ်လို့ရတဲ့ အရောင်လေးတွေဖြစ်တဲ့ မီးခိုးရောင်လက်သည်းနီလေးကို ဆိုးတော့မယ်ဆိုရင် အဝါနဲ့ လိမ္မော်လေးကိုပါ စပ်ပြီးဆိုးလို့ရပါတယ်။

အုတ်ကျိုးရောင်ဘက်သွားတဲ့ လက်သည်းနီအရောင်လေးကိုတော့ ကျောက်စိမ်းရောင် (သို့) အစိမ်းပုတ်ရောင်လေးတွေနဲ့ စပ်ဆိုးလိုက်မယ်ဆိုရင် အသားဆောင်ပြီးအရမ်းလှပါတယ်။

ခရမ်းရောင်နဲ့ မရမ်းရောင်လက်သည်းနီကလည်း စပ်ဆိုးမယ်ဆိုရင် လိုက်ဖက်ပါတယ်။ ပိုပြီးဆန်းသွားအောင် အရောင်ငြိမ်တဲ့ မီးခိုးရောင်လက်သည်းနီလေးကိုပါ စပ်ဆိုးလို့ရပါသေးတယ်။

ကြက်သွေးရောင်လက်သည်းနီလေးကို ပန်းရောင်နုနုလေးနဲ့ စပ်ဆိုးမယ်ဆိုရင်လည်း ရိုးရှင်းပြီး အရမ်းကိုချစ်စရာကောင်းပါတယ်။

လက်ငါးချောင်းလုံးကို မတူအောင် အရောင်စုံလေးဆိုးချင်တယ်ဆိုရင်တော့ လိုက်ဖက်မယ့်အရောင်လေးတွေကို သေချာရွေးချယ်တတ်မှ လှမှာပါ။ နက်ပြာရောင်၊ အစိမ်းပုတ် (သို့) ကျောက်စိမ်းရောင်၊ ကြက်သွေးရောင်နဲ့ အဝါရောင်ကို စပ်ဆိုးပြီး လက်မကိုတော့ အဖြူရောင်ဘက်သွားတဲ့ Cream ကာလာလေးဆိုးပေးတာ ပိုလှပါတယ်။

အရောင်ငြိမ်တာလေးတွေကို စပ်ဆိုးချင်ရင်တော့ ခဲအရင့်ရောင်၊ ခဲရောင်နဲ့ ခဲအဖြူတို့ကို စပ်ပြီးဆိုးပေးပါ။ ဘိုဆန်ဆန်လေးနဲ့ အရောင်ငြိမ်ပြီး ချစ်စရာကောင်းပါတယ်။

နောက်ဆုံးအနေနဲ့ အသားဆောင်ပြီးလူငယ်ဆန်တာလေးကို ဆိုးချင်တယ်ဆိုရင်တော့ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အနက်ရောင်တို့ကို စပ်ပြီးဆိုးပေးပါ။

Photo Source: Pinterest